ဇန်နဝါရီ 2021

ဓမ္မပျိုးခင်းသင်တန်းကို အကန့်အသတ်မရှိ ခေတ္တရပ်နားထားပါမည်

(၁၊၂၉၊၂၀၂၁) မင်္ဂလာပါရှင်။ ရင်သွေးငယ်တို့ရဲ့ ဓမ္မပျိုးခင်းသင်တန်းကို အကန့်အသတ်မရှိ ခေတ္တရပ်နားထားပါမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ ပြန်လည်စတင်မည့်ရက်ကို Facebook Page မှလည်းကောင်း၊ Email ဖြင့်လည်းကောင်း ကြေငြာဆက်သွယ်အကြောင်းကြားပေးမည် ဖြစ်ပါသည်။

ဓမ္မပျိုးခင်းသင်တန်းကို အကန့်အသတ်မရှိ ခေတ္တရပ်နားထားပါမည် Read More »

Dr. Soe Lwin and Daw Shwe Yi

ဒေါ်ရွှေရည်လှ အသက် ၆၀ ပြည့် မွေးနေ့ ကောင်းမှု

ဒေါ်ရွှေရည်လှ (ဥက္ကဋ္ဌ ဝေယျာဝစ္စအဖွဲ့၊ ဒုဥက္ကဋ္ဌ ဝိသုဒ္ဓိမဂ် ဓမ္မလမ်း ဝိပဿနာစင်တာ ပြင်စာ) ၏ ယနေ့ 25.1.2021 ရက်နေ့တွင်ကျရောက်သော အသက် ၆၀ ပြည့် မွေးနေ့ ကောင်းမှု မြတ်ဒါနအဖြစ် မဟာသဒ္ဓမ္မဇောတိကဓဇဒေါက်တာစိုးလွင် (မန္တလေး)ဒေါ်ရွှေရည်လှ မိသားစုတို့က လှူဒါန်းသောလှူဒါန်းမှု ဒါနကောင်းမှု အစုစုတို့မှာ ၁။ရန်ကင်းတောင်ခြေ “ကမ္ဘာ့ငြိမ်းချမ်းရေး တက္ကသိုလ်” သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း 150000/၂။ဆရာတော် ဦးဇောတိကအား နဝကမ္မအလှူငွေ လှူဒါန်းခြင်း 100000/၃။ဗုဒ္ဓဂယာမှ မြန်မာပြည်ရောက်စာသင်သားသာမဏေများအား လှူဒါန်းခြင်း 120000/၄။နိုင်ငံတော်သို့ ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရန် လှူဒါန်းခြင်း 300000/၅။ဝိသုဒ္ဓိမဂ် ဓမ္မလမ်း ရန်ကုန်အဖွဲ့ မဟာသဒ္ဓမ္မဇောတိကဓဇ ဓမ္မာရုံတည်ဆောက်ရန် လှူဒါန်းခြင်း 300000/၆။ပြင်စာစင်တာသို့ လျှပ်စစ်မီး အတွက်လှူဒါန်းခြင်း 100000/၇။ဆရာကြီး၏ မိခင်အား ကန်တော့လှူဒါန်းခြင်း 100000/၈။စည်ပင်အမှိုက်ကားဝန်ထမ်းများအား လှူဒါန်းခြင်း 30000/

ဒေါ်ရွှေရည်လှ အသက် ၆၀ ပြည့် မွေးနေ့ ကောင်းမှု Read More »

Dr. Wah Wah Mg

နေပြည်တော် ဓမ္မလမ်းအဖွဲ့ဝင်များမှ လှုဒါန်း

လျှပ်စစ်မီးအလှူနှင့် ရိပ်သာဓမ္မာရုံအလှူ သာဓုခေါ်ပါသည်။ ဒေါက်တာဝါဝါမောင် ဦးဆောင်သော နေပြည်တော် ဓမ္မလမ်းအဖွဲ့ဝင်များက (၁) ဝိသုဒ္ဓိမဂ် ဓမ္မလမ်း ဝိပဿနာစင်တာ (ပြင်စာ) လျှပ်စစ်မီး ပဒေသာပင်အတွက်လှူဒါန်းခြင်း 600000/ ခြောက်သိန်းကျပ်၊ (၂) ဝိသုဒ္ဓိမဂ် ဓမ္မလမ်း ဝိပဿနာ အဖွဲ့ (ရန်ကုန်) တည်ဆောက်နေဆဲဖြစ်သောမဟာသဒ္ဓမ္မဇောတိကဓဇ ဓမ္မာရုံ အတွက်လှူဒါန်းခြင်း 218000/ နှစ်သိန်းတစ်သောင်းရှစ်ထောင်ကျပ်၊ စုစုပေါင်း 818000/ လှူဒါန်းကြပါသည်။ လောဘစွန့်သော ကုသိုလ်ကြောင့် ကံလည်း ကောင်းကြပါစေ။ ဉာဏ်လည်း ကောင်းကြပါစေ။ တရားထူးများလည်း ရကြပါစေ။ သာဓု သာဓု သာဓု။

နေပြည်တော် ဓမ္မလမ်းအဖွဲ့ဝင်များမှ လှုဒါန်း Read More »