January 2021

Dhamma class for youngsters will be on hold

(၁၊၂၉၊၂၀၂၁) မင်္ဂလာပါရှင်။ ရင်သွေးငယ်တို့ရဲ့ ဓမ္မပျိုးခင်းသင်တန်းကို အကန့်အသတ်မရှိ ခေတ္တရပ်နားထားပါမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ ပြန်လည်စတင်မည့်ရက်ကို Facebook Page မှလည်းကောင်း၊ Email ဖြင့်လည်းကောင်း ကြေငြာဆက်သွယ်အကြောင်းကြားပေးမည် ဖြစ်ပါသည်။

Dhamma class for youngsters will be on hold Read More »

Dr. Soe Lwin and Daw Shwe Yi

Donation by Daw Shweyi Hla at her 60th birthday

ဒေါ်ရွှေရည်လှ (ဥက္ကဋ္ဌ ဝေယျာဝစ္စအဖွဲ့၊ ဒုဥက္ကဋ္ဌ ဝိသုဒ္ဓိမဂ် ဓမ္မလမ်း ဝိပဿနာစင်တာ ပြင်စာ) ၏ ယနေ့ 25.1.2021 ရက်နေ့တွင်ကျရောက်သော အသက် ၆၀ ပြည့် မွေးနေ့ ကောင်းမှု မြတ်ဒါနအဖြစ် မဟာသဒ္ဓမ္မဇောတိကဓဇဒေါက်တာစိုးလွင် (မန္တလေး)ဒေါ်ရွှေရည်လှ မိသားစုတို့က လှူဒါန်းသောလှူဒါန်းမှု ဒါနကောင်းမှု အစုစုတို့မှာ ၁။ရန်ကင်းတောင်ခြေ “ကမ္ဘာ့ငြိမ်းချမ်းရေး တက္ကသိုလ်” သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း 150000/၂။ဆရာတော် ဦးဇောတိကအား နဝကမ္မအလှူငွေ လှူဒါန်းခြင်း 100000/၃။ဗုဒ္ဓဂယာမှ မြန်မာပြည်ရောက်စာသင်သားသာမဏေများအား လှူဒါန်းခြင်း 120000/၄။နိုင်ငံတော်သို့ ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရန် လှူဒါန်းခြင်း 300000/၅။ဝိသုဒ္ဓိမဂ် ဓမ္မလမ်း ရန်ကုန်အဖွဲ့ မဟာသဒ္ဓမ္မဇောတိကဓဇ ဓမ္မာရုံတည်ဆောက်ရန် လှူဒါန်းခြင်း 300000/၆။ပြင်စာစင်တာသို့ လျှပ်စစ်မီး အတွက်လှူဒါန်းခြင်း 100000/၇။ဆရာကြီး၏ မိခင်အား ကန်တော့လှူဒါန်းခြင်း 100000/၈။စည်ပင်အမှိုက်ကားဝန်ထမ်းများအား လှူဒါန်းခြင်း 30000/

Donation by Daw Shweyi Hla at her 60th birthday Read More »

Dr. Wah Wah Mg

Members of the Dhammalaan (Naypyitaw) donate

လျှပ်စစ်မီးအလှူနှင့် ရိပ်သာဓမ္မာရုံအလှူ သာဓုခေါ်ပါသည်။ ဒေါက်တာဝါဝါမောင် ဦးဆောင်သော နေပြည်တော် ဓမ္မလမ်းအဖွဲ့ဝင်များက (၁) ဝိသုဒ္ဓိမဂ် ဓမ္မလမ်း ဝိပဿနာစင်တာ (ပြင်စာ) လျှပ်စစ်မီး ပဒေသာပင်အတွက်လှူဒါန်းခြင်း 600000/ ခြောက်သိန်းကျပ်၊ (၂) ဝိသုဒ္ဓိမဂ် ဓမ္မလမ်း ဝိပဿနာ အဖွဲ့ (ရန်ကုန်) တည်ဆောက်နေဆဲဖြစ်သောမဟာသဒ္ဓမ္မဇောတိကဓဇ ဓမ္မာရုံ အတွက်လှူဒါန်းခြင်း 218000/ နှစ်သိန်းတစ်သောင်းရှစ်ထောင်ကျပ်၊ စုစုပေါင်း 818000/ လှူဒါန်းကြပါသည်။ လောဘစွန့်သော ကုသိုလ်ကြောင့် ကံလည်း ကောင်းကြပါစေ။ ဉာဏ်လည်း ကောင်းကြပါစေ။ တရားထူးများလည်း ရကြပါစေ။ သာဓု သာဓု သာဓု။

Members of the Dhammalaan (Naypyitaw) donate Read More »