• ဥပါဒါန်ကြောင့်ကံ၊ သတိကြောင့်ဉာဏ်

    ကံနှင့်ဉာဏ်

    ကံကောင်းအောင် စေတနာထားပါ။

    ဉာဏ်ကောင်းအောင် သတိထားပါ။

  • အ၀ိဇ္ဇာပယ်တာနဲ့ တဏှာချုပ်ပါတယ်

    လောဘစွန့်ဖို့သာလိုရင်း

    လောဘရှိနေသမျှ ပြည့်စုံတယ်လို့ ဘယ်သူမှ မထင်ပါဘူး။

  • ကံကရှေ့စိတ်၊ ဉာဏ်ကနောက်စိတ်

    နောက်စိတ်မှာသတိရှိဖို့အဓိက

    မြင်တာက ရှေ့စိတ်၊ ကြိုက်တာက နောက်စိတ်။

    မြင်တာက ခန္ဓာမီး၊ ကြိုက်တာက ကိလေသာမီး။

  • အကောင်းအဆိုးဖြစ်သမျှအားလုံးဟာ အကြောင်းအကျိုးပဲ

    စစ်မှန်သောချမ်းသာ

    စစ်မှန်သောချမ်းသာဟူသည် ပြင်ပရုပ်၀တ္ထုများ၌ မတည်။ ခံစားမှု​ဝေဒနာ၌လည်း မတည်။

    မှန်ကန်သောနှလုံးသွင်းနှင့် အသိဉာဏ်၌သာ တည်၏။

မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာကြီး
ဒေါက်တာစိုးလွင် (မန္တလေး)၏ တရားတော်များ

ရှင်သန်မှုအနုပညာ (The Art of Living)

☸︎

ရည်ရွယ်ချက်

ဓမ္မလမ်း Dhamma Lann ပြင်စာ (Pyinsar)

၁။ မြတ်စွာဘုရား၏သာသနာကို သာမန်လူတို့ လွယ်ကူစွာ နားလည်သိမြင်ရန်

၂။ ဓမ္မကို ဘဝမှာ လက်တွေ့ကျင့်သုံး နေထိုင်တတ်ရန်

၃။ သာသနာ့အမွေကို လက်ဆင့်ကမ်း မျှဝေပေးရန်

☸︎

ဦးဆောင်နာယက

Dr. Soe Lwin (Mandalay) - Dhamma Lann ဓမ္မလမ်း

ဝိသုဒ္ဓိမဂ်ဓမ္မလမ်း၀ိပဿနာအဖွဲ့များ၏ ဦးဆောင်နာယက၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာကြီးဒေါက်တာဦးစိုးလွင်(မန္တလေး)

ဆရာကြီးသည် ၁၉၉၀-၉၁ မှစ၍ ဓမ္မစာပေများကို ဖတ်ရှုလေ့လာခဲ့ပါသည်။ မင်းကွန်းဆရာတော်ကြီး၊ စွန်းလွန်းဆရာတော်ကြီး၊ ဝေဘူဆရာတော်ကြီး၊ မိုးကုတ်ဆရာတော်ကြီး၊ မဟာစည်ဆရာတော်ကြီး၊ တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ကြီး၊ ပခုက္ကူဆရာတော်ကြီး (အနိစ္စဆရာတော်)၊ ဖားအောက်တောရ ဆရာတော်ကြီးတို့၏ တရားဓမ္မများကို လေ့လာမှတ်သားခဲ့သည်။ ထို့ပြင် လယ်တီဆရာတော်ကြီး၏ ဒီပနီပေါင်းချုပ်နှင့် ဘုရားရှင် ဟောကြားတော်မူခဲ့သော ဆဋ္ဌသံဂါယနာတင် ပိဋကတ်သုံးပုံ ပါဠိတော် (မြန်မာပြန်) တို့ကိုပါ ဆက်လက် ဖတ်ရှုလေ့လာခဲ့ပါသည်။

☸︎

နောက်ဆုံးတင်ထားသော တရားတော်များ

“ ဝိပဿနာအခြေခံ နှင့် အလုပ်ပေးတရား” စာအုပ်

ဆရာကြီး ဒေါက်တာစိုးလွင် (မန္တလေး) ရေးသားပြုစုထားသော “ဝိပဿနာအခြေခံ နှင့် အလုပ်ပေးတရား” စာအုပ်မိတ်ဆက် ဒီနေ့မှာတော့ ဆရာကြီး ဒေါက်တာစိုးလွင် (မန္တလေး) ရေးသားထားတဲ့ “ဝိပဿနာအခြေခံ နှင့်...

“ Grateful and Graceful Life (ကျေးဇူးသိတတ်ပြီး ကျက်သရေရှိသော ဘဝ)” အသံတရားတော် နှင့် Q&A

"Grateful and Graceful Life (ကျေးဇူးသိတတ်ပြီး ကျက်သရေရှိသော ဘဝ)" အသံတရားတော်
Loading...
0:00 / 0:00 Download
ဤဘလော့ဂ်ပို့စ်သည် ဆရာကြီး ဒေါက်တာစိုးလွင် (မန္တလေး)၏ "Grateful...

"လောကအမြင်၊ ဓမ္မအမြင်၊ ဘဝအမြင်များ ပြောင်းလဲခြင်း"ဗီဒီယိုတရားတော် တောင်ငူမြို့၊ ၁-၂-၂၀၂၆

လောကအမြင်၊ ဓမ္မအမြင်၊ ဘဝအမြင်များ ပြောင်းလဲခြင်း (တရားတော် အနှစ်ချုပ်) ဤတရားတော်သည် ဆရာကြီး ဒေါက်တာစိုးလွင် (မန္တလေး)မှ တောင်ငူမြို့၊ ဓမ္မလမ်းဝိပဿနာစင်တာ ဖွင့်ပွဲအခမ်းအနားတွင် ဟောကြားခဲ့ခြင်းဖြစ်ပြီး၊ ကျွန်ုပ်တို့၏...

"လောကအမြင်၊ ဓမ္မအမြင်၊ ဘဝအမြင်များ ပြောင်းလဲခြင်း"အသံတရားတော်နှင့် Q&A – တောင်ငူမြို့၊ ၁-၂-၂၀၂၆

လောကအမြင်၊ ဓမ္မအမြင်၊ ဘဝအမြင်များ ပြောင်းလဲခြင်း (တရားတော် အနှစ်ချုပ်) ဤတရားတော်သည် ဆရာကြီး ဒေါက်တာစိုးလွင် (မန္တလေး)မှ တောင်ငူမြို့၊ ဓမ္မလမ်းဝိပဿနာစင်တာ ဖွင့်ပွဲအခမ်းအနားတွင် ဟောကြားခဲ့ခြင်းဖြစ်ပြီး၊ ကျွန်ုပ်တို့၏...

“ ၀ိပဿနာ ၀လုံးတန်း” အသံတရားတော်- နိုဝင်ဘာလ ၂၀၁၃

'ဝ' ပိုင်မှ 'ဝိ' နိုင်မည့် ဝိပဿနာအခြေခံ မင်္ဂလာပါ။ ဒီနေ့မှာတော့ ဆရာကြီး ဒေါက်တာစိုးလွင် (မန္တလေး) ရေးသားဟောကြားတော်မူသော "ဝိပဿနာ ‘ဝ’လုံးတန်း" တရားတော်ကို ဓမ္မမိတ်ဆွေများ...

၀ိပဿနာ ၀လုံးတန်း​

ဤဘလော့ဂ်ပို့စ်သည် ဆရာကြီး ဒေါက်တာစိုးလွင် (မန္တလေး) ရေးသားထားသော "ဝိပဿနာ ‘ဝ’လုံးတန်း" စာအုပ်မှ အဓိကသွန်သင်ချက်များနှင့် အနှစ်သာရများကို ကောက်နုတ်တင်ပြထားခြင်း ဖြစ်ပါသည်။ ဝိပဿနာတရား စတင်အားထုတ်လိုသူများအတွက် အလွန်အဖိုးတန်သော...

☸︎

မှတ်သားဖွယ် အဆိုအမိန့်များ

Loading Slideshow 1...

Loading Slideshow 2...

Loading Slideshow 3...

☸︎

၁။ နေ့စဉ် နံနက် ၇နာရီမှ ၇နာရီခွဲထိ ဝိသုဒ္ဓိမဂ်ဓမ္မလမ်းအဖွဲ့၀င်များမှဟောကြားသော နံနက်ခင်းဓမ္မအလင်းတန်းတရားများကို ဤ Zoom link မှတဆင့် online ၀င်ရောက်နာယူနိုင်ပါသည်။

၂။ အပတ်စဉ် စနေနှင့်တနင်္ဂနွေနေ့တိုင်း ည ၇နာရီမှ ၈နာရီခွဲထိ ဝိသုဒ္ဓိမဂ်ဓမ္မလမ်းအဖွဲ့မှ ပြုလုပ်သော အခြေခံ၀ိပဿနာသင်တန်းများကို ဤ Zoom link မှတဆင့် online ၀င်ရောက်နာယူနိုင်ပါသည်။

၃။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နံနက်(၇)နာရီမှ (၈:၃၀)နာရီထိ ဝိသုဒ္ဓိမဂ်ဓမ္မလမ်းအဖွဲ့ (မန္တလေး) (ပဇ္ဇောတာရာမ တကောင်းကျောင်းတိုက်| ၆၂ လမ်း၊ ၂၂ လမ်းနှင့် ၂၃ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့)တွင် ကျင်းပပြုလုပ်သော အခြေခံ၀ိပဿနာတရားသင်တန်းကို မည်သူမဆို လွတ်လပ်စွာ တက်ရောက်နိုင်ကြပါသည်။

၄။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နံနက်(၉)နာရီမှ (၁၀:၃၀)နာရီထိ ဓမ္မလမ်းရန်ကုန်စင်တာ (မဟာဗောဓိဗုဒ္ဓဂယာစာသင်တိုက်၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ရန်ကုန်မြို့)တွင် ကျင်းပပြုလုပ်သော အခြေခံ၀ိပဿနာတရားသင်တန်းကို မည်သူမဆိုတက်ရောက်နိုင်ကြပါသည်။