ဓမ္မလမ်းဝိပဿနာအဖွဲ့အကြောင်း
☸︎
သြ၀ါဒ ဆရာတော်ကြီးများ
☸︎
ဆရာကြီးဒေါက်တာဦးစိုးလွင်


ငယ်ဘဝနှင့် ပညာရေးနောက်ခံ
ဝိသုဒ္ဓိမဂ်ဓမ္မလမ်းအဖွဲ့များ၏ ဦးဆောင်နာယက၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာကြီးဒေါက်တာဦးစိုးလွင်သည် အဖ ဦးသန်းအောင်၊ အမိ ဒေါ်ဝင်းမေတို့မှ ၁၉၅၈ ခုနှစ်တွင် ဖွားမြင်ခဲ့ပါသည်။ ၁၉၇၅ ခုနှစ်တွင် ဆယ်တန်းစာမေးပွဲကို မန္တလေးမြို့ အမှတ် (၉) အထက (ယခင် စိန့်ပီတာ) မှ အောင်မြင်ခဲ့ပါသည်။
၁၉၇၆ – ၈၂ စာသင်နှစ်တွင် ဆေးတက္ကသိုလ် (မန္တလေး) ၌ တက်ရောက်သင်ကြား၍ ဆရာဝန်ဘွဲ့ (M.B.,B.S.) ရရှိခဲ့ပြီး ပြင်ပဆေးခန်းဖွင့်၍ ဆေးကုသခြင်းကို လုပ်ကိုင်ခဲ့ပါသည်။
ဆေးပညာလောကနှင့် မိသားစုဘဝ
ဆရာကြီးသည် ၁၉၈၉ – ၉၀ ခုနှစ်တွင် မင်းကွန်းဆရာတော်ကြီး တည်ထောင်ဖွင့်လှစ်ခဲ့သော နန်းရှေ့ မန္တလေး ဇီဝိတသံဃာ့ဆေးရုံ၌ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၁ ခုနှစ်တွင် ဒေါ်ရွှေရည်လှနှင့် အိမ်ထောင်ပြု၍ သမီး မထူးရည်လွင် ထွန်းကားခဲ့ပါသည်။ ဆရာဒေါက်တာဦးစိုးလွင်သည် အိမ်ထောင်ကျပြီးနောက် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် နေထိုင်ခဲ့ပြီး၊ ယခုအခါ မန္တလေးမြို့ (၁၉) လမ်း နန်းရှေ့ အောင်မြေသာစံမြို့နယ်တွင် မိသားစုနှင့်အတူ နေထိုင်လျက်ရှိပါသည်။
ဓမ္မစာပေလေ့လာခြင်းနှင့် လက်တွေ့ကျင့်ကြံအားထုတ်မှု
ဆရာကြီးသည် ၁၉၉၀-၉၁ မှစ၍ ဓမ္မစာပေများကို ဖတ်ရှုလေ့လာခဲ့ပါသည်။ မင်းကွန်းဆရာတော်ကြီး၊ စွန်းလွန်းဆရာတော်ကြီး၊ ဝေဘူဆရာတော်ကြီး၊ မိုးကုတ်ဆရာတော်ကြီး၊ မဟာစည်ဆရာတော်ကြီး၊ တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ကြီး၊ ပခုက္ကူဆရာတော်ကြီး (အနိစ္စဆရာတော်)၊ ဖားအောက်တောရ ဆရာတော်ကြီးတို့၏ တရားဓမ္မများကို လေ့လာမှတ်သားခဲ့သည်။
ထို့ပြင် လယ်တီဆရာတော်ကြီး၏ ဒီပနီပေါင်းချုပ်နှင့် ဘုရားရှင် ဟောကြားတော်မူခဲ့သော ဆဋ္ဌသံဂါယနာတင် ပိဋကတ်သုံးပုံ ပါဠိတော် (မြန်မာပြန်) တို့ကိုပါ ဆက်လက်ဖတ်ရှုလေ့လာခဲ့ပါသည်။ ၂၀၀၄ ခုနှစ်တွင် စာဓမ္မအမြင်မှ ခန္ဓာဓမ္မအမြင်ရောက်အောင် လက်တွေ့ဝိပဿနာတရားအလုပ်ကို စတင်၍ နှလုံးသွင်းအားထုတ်ခဲ့ပါသည်။
ဝိပဿနာသာသနာပြုလုပ်ငန်းများ စတင်ခြင်း
၂ဝဝ၆ ခုနှစ်တွင် မန္တလေးနှင့် ရန်ကုန်မြို့တို့၌ သူငယ်ချင်းများကို ဝိပဿနာနှင့် ပတ်သက်သော အခြေခံသဘောတရားများကို စတင်ဆွေးနွေးပြောကြားခဲ့သည်။ ၂ဝဝ၉ ခုနှစ်တွင် မန္တလေး ဆေးတက္ကသိုလ် (၇၆-၈၂) စာသင်နှစ်၏ (၁၀) ကြိမ်မြောက် အာစရိယပူဇော်ပွဲ၌ “ဓမ္မလမ်းကို လျှောက်ကြမယ်” ခေါင်းစဉ်ဖြင့် ဓမ္မစာစုကို စတင်ရေးသား၍ ဆရာ၊ ဆရာမတို့ကို ဓမ္မနှင့် ပူဇော်ကန်တော့ရင်း သူငယ်ချင်းတို့ကိုလည်း ဓမ္မလမ်းပေါ်ရောက်အောင် ခေါ်ဆောင်ခဲ့ပါသည်။
၂၀၁၀ ခုနှစ်တွင် မန္တလေးမြို့ တကောင်းကျောင်းတိုက် သင်္ကြန်တရားစခန်းမှ စတင်၍ လစဉ်ငါးရက်တရားသင်တန်းများနှင့် ရန်ကုန်မြို့ တာမွေဇမ္ဗူကောင်းကျောင်းတိုက်တွင် သုံးလတစ်ကြိမ် တရားသင်တန်းများ ပြုလုပ်ခဲ့ပါသည်။
ဝိသုဒ္ဓိမဂ်ဓမ္မလမ်းဝိပဿနာအဖွဲ့ တည်ထောင်ခြင်း
၁၄-၈-၂၀၁၄ တွင် မန္တလေးတိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ဥက္ကဌ မစိုးရိမ်ဆရာတော်ကြီးအမှူးပြု၍ ဩဝါဒစရိယဆရာတော်ကြီး (၈) ပါးပါဝင်သော ဝိပဿနာပြန့်ပွားရေးအဖွဲ့ကို ဖွဲ့စည်း၍ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူခဲ့ပါသည်။ ဆရာတော်ကြီးများ၏ လမ်းညွှန်မှုနှင့်အတူ အဖွဲ့၏အမည်ကိုလည်း “ဝိသုဒ္ဓိမဂ်ဓမ္မလမ်းဝိပဿနာအဖွဲ့” ဟု သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ကြီးမှ အမည်ပေးခဲ့ပါသည်။
အဖွဲ့၏ ရည်ရွယ်ချက် (၃) ခုမှာ -
- မြတ်စွာဘုရား၏ တရားတော်များကို သာမန်လူတို့ နားလည်သဘောပေါက်ရန်
- ဓမ္မကို နေ့စဉ်ဘဝတွင် လက်တွေ့ကျင့်သုံး၍ နေထိုင်နိုင်ရန်
- မျိုးဆက်သစ်များကို လက်ဆင့်ကမ်းမျှဝေသွားရန်
သာသနာပြုနယ်ပယ်နှင့် ဘွဲ့တံဆိပ်တော်
၂၀၁၅ ခုနှစ်တွင် ပြင်ဦးလွင်ခရိုင် ပြင်စာမြေပုံရွာတွင် ဝိသုဒ္ဓိမဂ်ဓမ္မလမ်းဝိပဿနာစင်တာ (ပြင်စာ) ကို တည်ထောင်ခဲ့ပြီး ယနေ့အချိန်အထိ တရားစခန်းများ၊ သင်တန်းများနှင့် ဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိပါသည်။
ဆရာကြီး၏ ဝိပဿနာသာသနာပြုလုပ်ငန်းများကြောင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံတော်မှ ပေးအပ်ချီးမြှင့်သည့် “မဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ကို လက်ခံရရှိခဲ့ပါသည်။ ထိုဘွဲ့သည် “ကြီးကျယ်မြင့်မြတ်၍ သာသနာကို ထွန်းလင်းတောက်ပစေသည့် အောင်လံတော်ကို လွှင့်ထူနိုင်သူ” ဟု အဓိပ္ပါယ်ရပါသည်။
ပြည်တွင်းပြည်ပ သာသနာပြုလုပ်ငန်းများ
ယနေ့အချိန်အထိ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မုံရွာ၊ နေပြည်တော်၊ စင်္ကာပူ၊ ပဲခူးတို့တွင် အဖွဲ့ခွဲများ ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။ ထို့ပြင် တောင်ကြီး၊ လားရှိုး၊ မြင်းခြံ၊ မတ္တရာ၊ မိုးကုတ်၊ မိုးကောင်း၊ မိတ္ထီလာ၊ မော်လမြိုင်၊ ဓနုဖြူ၊ လပွတ္တာ၊ ဘိုကလေး၊ မြောင်းမြ၊ လွိုင်ကော်၊ ညောင်ဦး စသည့် မြို့ပေါင်းများစွာတွင် တရားသင်တန်းများ ပြုလုပ်ခဲ့ပါသည်။
ပြည်ပသာသနာပြုအနေဖြင့် ဘန်ကောက်နှင့် စင်္ကာပူမြို့များတွင် သင်တန်းများ ပို့ချခြင်း၊ ဗုဒ္ဓဂါယာဘုရားဖူးခရီးစဉ်များတွင် တရားဆွေးနွေးပွဲများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ လက်ရှိတွင် အင်္ဂလိပ်စာဖြင့် ပို့ချသော တရားသင်တန်းများကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
လက်ရှိဆောင်ရွက်ချက်များနှင့် စာပေလက်ရာများ
ဆရာကြီးသည် ယခုအချိန်အထိ တရားစာအုပ်ပေါင်း ၉၀ ကျော် ရေးသားခဲ့ပါသည်။ မန္တလေးမြို့ ရန်ကင်းတောင်ခြေရှိ University of Global Peace (ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်) ပညာရေးဌာန၌ ဌာနမှူးတာဝန်ဖြင့် တရားသင်တန်းများ ပို့ချပေးလျက်ရှိသည့်အပြင် အင်တာနက် Online Zoom Meeting မှတစ်ဆင့်လည်း တရားဆွေးနွေးဟောပြောမှုများ ပြုလုပ်နေပါသည်။
မန္တလေးဓမ္မလမ်းစင်တာနှင့် ရန်ကုန်ဓမ္မလမ်းစင်တာတို့တွင် ဆရာကြီးကိုယ်တိုင်သာမက အဖွဲ့ဝင်ဆရာ၊ ဆရာမများကလည်း တရားစခန်းများ၊ သင်တန်းများနှင့် ရင်သွေးငယ်များအတွက် ဓမ္မသင်တန်းများကို တက်ကြွစွာ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။
☸︎
စတင်သန္ဓေတည်ခဲ့ပုံ
ဓမ္မလမ်း-ဝိပဿနာအဖွဲ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း
၂၀၀၆ ခုနှစ်၊ မတ်လ၌ ဆရာဦးစိုးလွင် ဦးဆောင်ပြီး သူငယ်ချင်းဖြစ်သူ ဦးကျော်ဦး + ဒေါက်တာ နန်းတင်တင်ဌေး တို့၏ မန္တလေးမြို့ လမ်း(၃၀)နှင့် (၇၃)လမ်းဒေါင့်၌ ဖွင့်လှစ်ခဲ့သော ကံ့ကော်ဆေးရုံတွင် ကျောင်းနေဖက်သူငယ်ချင်းများနှင့် တရားဓမ္မများကို စတင်ဆွေးနွေးပြောကြားခဲ့ပါသည်။
ထိုဆွေးနွေးပွဲမှ အစပြု၍ (၁၉၇၆-၈၂) မန္တလေး-ဆေးတက္ကသိုလ် စာသင်နှစ်မှ သူငယ်ချင်းများဖြစ်ကြသော ဒေါက်တာ သက်လွင်၊ ဒေါက်တာ စိန်လှမင်း၊ ဒေါက်တာ အေးစိုး၊ ဒေါက်တာ စိန်မြင့်၊ ဒေါက်တာ ဝင်းအောင်၊ ဒေါက်တာ ခင်မောင်အေး၊ ဒေါက်တာ ကျော်တင့်၊ ဒေါက်တာလှစိုးညွှန့်၊ ဒေါက်တာ နန်းတင်တင်ဌေး၊ ဒေါက်တာ မဌေးဝင်း၊ ဒေါက်တာ သီသီ၊ ဒေါက်တာ မိမိ၊ ဒေါက်တာ စန်းစန်းဝင်း စသော သူငယ်ချင်းများ စုပေါင်းကာ ဓမ္မလမ်း-ဝိပဿနာအဖွဲ့ ကို စတင်မျိုးစေ့ချနိုင်ခဲ့ကြပါသည်။
ရန်ကုန်မြို့၌ သာသနာပြုလုပ်ငန်းများ ချဲ့ထွင်ခြင်း
ထို့အတူ ရန်ကုန်မြို့၌လည်း ၂၀၀၆ ခုနှစ် အောက်တိုဘာလတွင် ဒေါက်တာရွှေထွန်း၏ နေအိမ်၌ ဒေါက်တာ ခင်မောင်ဖြူ၊ ဒေါက်တာ အောင်ဇော်၊ ဒေါက်တာ တင်ဆွေ၊ ဒေါက်တာ အောင်ကျော်ဝင်း၊ ဒေါက်တာ နေဝင်း၊ ဒေါက်တာ မြင့်လွင်(ဟိုပင်)၊ ဒေါက်တာ ကြူကြူ၊ ဒေါက်တာ တင်တင်ဝင်း၊ ဒေါက်တာ ကြည်ကြည်စန်း စသော သူငယ်ချင်းများ စုပေါင်းပြီး တရားဓမ္မများကို ဆွေးနွေးပြောကြားခဲ့ကြပါသည်။
ဤသို့ ဓမ္မလမ်းအဖွဲ့အဖြစ် သူငယ်ချင်းများဖြင့် စတင်စုစည်းနိုင်ခဲ့ကာ မန္တလေးမြို့တွင် ဒေါက်တာ အေးစိုး + ဒေါ်စောကြည်ထူးတို့၏ နေအိမ်၌လည်းကောင်း၊ ဒေါက်တာ သီသီ၏ နေအိမ်၌လည်းကောင်း၊ ဓမ္မမိတ်ဆွေတစ်ဦးဖြစ်သော ဦးတင်လှိုင် + ဒေါ်ယုဝေတို့ နေအိမ်၌လည်းကောင်း၊ သင်္ကြန်ပွဲတော်ရက်များ၊ သီတင်းကျွတ်ကျောင်းပိတ်ရက်များနှင့် ဒီဇင်ဘာလ ဆရာကန်တော့ပွဲရက်များတွင် သူငယ်ချင်းများ စုပေါင်းပြီး တရားဓမ္မများကို ဆွေးနွေးပြောကြားခဲ့ကြပါသည်။
ရန်ကုန်မြို့တွင်လည်း ဒေါက်တာ ရွှေထွန်း၊ ဒေါက်တာ ခင်မောင်ဖြူ နေအိမ်တို့၌ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် သူငယ်ချင်းများစုပေါင်းကာ တရားဓမ္မများကို ဆွေးနွေးပြောကြားခဲ့ကြပါသည်။ ၂၀၀၆ မှ ၂၀၁ဝ ထိ ရန်ကုန်၊ မန္တလေး စုန်ချီဆန်ချီ တရားဆွေးနွေးပြောကြားခဲ့ပါသည်။
ရန်ပုံငွေထူထောင်ခြင်းနှင့် ဓမ္မစာအုပ်ထုတ်ဝေခြင်း
ထိုကဲ့သို့ တရားလုပ်ငန်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ရင်း ဒေါက်တာ သက်လွင်၊ ဒေါက်တာ စိန်လှမင်း၊ ဒေါက်တာ အေးစိုး၊ ဒေါက်တာ စိန်မြင့်၊ ဒေါက်တာ သီသီနှင့် ဒေါက်တာ မိမိ စသော သူငယ်ချင်းများသည် တစ်ဦးလျှင် ကျပ်တစ်သိန်းစီ မတည်၍ ဆွေးနွေးပြောကြားခဲ့သော တရားဓမ္မများကို စာအုပ်အဖြစ်လည်းကောင်း၊ ရုပ်/သံအားဖြင့်လည်းကောင်း မှတ်တမ်းတင်နိုင်ရန် ရံပုံငွေကို တည်ထောင်ခဲ့ပါသည်။
ဤသို့ဖြင့် ၂၀၀၉-ခုနှစ် ဒီဇင်ဘာလတွင် မန္တလေးဆေးတက္ကသိုလ် (၁၉၇၆-၈၂) စာသင်နှစ်၏ ဒသမအကြိမ်မြောက် အာစရိယပူဇော်ပွဲတွင် “ဓမ္မလမ်းကို လျှောက်ကြမယ်” ဓမ္မစာအုပ်ဖြင့် ဆရာဆရာမများကို ပူဇော်ကန်တော့နိုင်ခဲ့သည့်အပြင် သူငယ်ချင်းများကိုလည်း ဓမ္မလမ်းကြောင်းပေါ်ကို ဆွဲခေါ်ခဲ့ပါသည်။ “ဓမ္မလမ်းကို လျှောက်ကြမယ်” စာအုပ်ကို အစွဲပြု၍ “ဓမ္မလမ်းအဖွဲ့” အနေဖြင့် ပီပီပြင်ပြင် ဖွဲ့စည်းနိုင်ခဲ့ပါသည်။
☸︎
ဝိသုဒ္ဓိမဂ်ဓမ္မလမ်း ၀ိပဿနာအဖွဲ့များ
၁။ ဝိသုဒ္ဓိမဂ်ဓမ္မလမ်းအဖွဲ့ (မန္တလေး)
ပဇ္ဇောတာရာမ တကောင်းကျောင်းတိုက်|
၂၂ လမ်းနှင့် ၂၃ လမ်းကြား၊ ၆၂ လမ်း၊
အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့၊
မန္တလေးတိုင်းဒေသကြီး။ ၀၉-၄၃၁၂၀၆၄၆
ဥက္ကဌ – ဒေါက်တာဝင်းမောင်မောင်
📞 ၀၉ ၄၀၂၆၇၃၇၁၂
အတွင်းရေးမှုး – ဒေါက်တာစိုးအောင်
📞
ဥက္ကဌ (ပညာရေးအဖွဲ့) – ဒေါက်တာဒေါ်ခင်ဌေးကြည်
📞 ၀၉ ၂၀၀ ၆၈၆၉
အတွင်းရေးမှုး (ပညာရေးအဖွဲ့) – ဒေါ်ရီရီစိန်
📞 ၀၉ ၂၀၁ ၉၃၀၇





၂။ ဝိသုဒ္ဓိမဂ်ဓမ္မလမ်း၀ိပဿနာစင်တာ(ပြင်စာ)
မြေပုံကျေးရွာ၊ ပြင်စာ၊ ပြင်ဦးလွင်ခရိုင် (မန္တလေး-ပြင်ဦးလွင်လမ်း၊ ၂၇ မိုင် ၁ ဖာလုံမှ မြေပုံကျေးရွာသို့ ၂ မိုင် ၇ ဖာလုံခန့် ဝင်ရောက်ရန်)
မန္တလေးတိုင်းဒေသကြီး။ ၀၉-၇၉၄၁၀၄၉၂၉၊ ၀၉-၉၅၅၁၀၂၁၁၈
နာယက – ဒေါက်တာခင်မေသစ်၊ ဒေါ်ရွှေရည်လှ
ဥက္ကဌ – ဒေါက်တာသီသီ
📞 ၀၉ ၅၁၈ ၂၆၉၇၊ +၉၅ ၉ ၅၁၈ ၂၆၉၇
အတွင်းရေးမှုး – ဦးစိုင်းစိုင်းဝင်းထက်
📞
အတွင်းရေးမှုး (ပညာရေးအဖွဲ့) – ဒေါက်တာကျော်ဦး
📞 ၀၉ ၇၉၁၁၁၆၉၉၇















၃။ ဓမ္မလမ်းဝိပဿနာစင်တာ(ရန်ကုန်)
မဟာဗောဓိဗုဒ္ဓဂယာစာသင်တိုက်
ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်
ဒဂုံမြိုသစ်မြောက်ပိုင်း
(ဂန္ဓာရုံမှတ်တိုင်၊ Bus Car No. 2, 10, 15, 28, 137 စီးနိုင်ပါသည်။) ၀၉-၇၅၇၆၇၀၆၈၃
ဥက္ကဌ – ဦးဇင်ယော်
📞 ၀၉ ၄၄၈ ၅၄၈၈
အတွင်းရေးမှုး – ဦးကြည်လင်
📞 ၀၉ ၅၁၉ ၇၃၃၅
ဥက္ကဌ (ပညာရေးအဖွဲ့) – ဒေါက်တာဒေါ်ကျင်စန်း
📞
ဒု-ဥက္ကဌ (ပညာရေးအဖွဲ့) – ဒေါ်သီသီညွန့်
📞
အတွင်းရေးမှုး (ပညာရေးအဖွဲ့) – ဒေါ်ကေခိုင်မျိုးမြင့်
📞
တွဲဖက်အတွင်းရေးမှုး (ပညာရေးအဖွဲ့) – ဒေါ်၀င်း၀င်းရွှေ
📞










၄။ ဝိသုဒ္ဓိမဂ်ဓမ္မလမ်းအဖွဲ့ (ပဲခူး)
ဒဏ္ခိဏသာခါရာမကျောင်းတိုက်၊ ရပ်ကွက် ( ၇ )၊ ဥဿာမြို့သစ် ၇/၃ ၀၉-၉၇၆၇၁၃၆၅၂
နာယက –
ဥက္ကဌ – ဒေါက်တာကျော်မင်းစိုး
📞 ၀၉
အတွင်းရေးမှုး –
📞 ၀၉




၅။ ဝိသုဒ္ဓိမဂ်ဓမ္မလမ်းအဖွဲ့ (တောင်ကြီး)
နာယက – ဒေါက်တာဒေါ်ကြည်အေးဆွေ
ဥက္ကဌ – ဒေါက်တာမောင်မောင်မြင့်
📞 ၀၉ ၀၈၄၅၈၀၄၃၅၁၀
အတွင်းရေးမှုး – ဦးတေဇစိုး
📞 ၀၉ ၅၆၀ ၀၆၃၉
၆။ ဝိသုဒ္ဓိမဂ်ဓမ္မလမ်းအဖွဲ့ (မုံရွာ)
၀၉-၅၁၅၀၅၃၃
ဥက္ကဌ – ဒေါက်တာမြင့်မြင့်သိန်း
📞 ၀၉ ၅၁၅ ၀၅၃၃
အတွင်းရေးမှုး – ဦးသန့်ဇော်ထွန်း
📞 ၀၉ ၂၁၃ ၁၇၁၇
၇။ ဝိသုဒ္ဓိမဂ်ဓမ္မလမ်းအဖွဲ့ (နေပြည်တော်)
ဥက္ကဌ – ဒေါက်တာဝါဝါမောင်
📞 ၀၉ ၅၁၀ ၄၁၈၁
၈။ ဝိသုဒ္ဓိမဂ်ဓမ္မလမ်းအဖွဲ့ (စင်ကာပူ)
ဥက္ကဌ – ဦးသော်ဇင်မြင့်
📞 +65 98394327
အတွင်းရေးမှုး – ဦးမျိုးဇော်လတ်
📞 +65 93840718





၉။ ဝိသုဒ္ဓိမဂ်ဓမ္မလမ်းအဖွဲ့ (UK)
ဥက္ကဌ – ဒေါက်တာခင်အေးလွင်စိုး
📞
အတွင်းရေးမှုး –
📞
၁၀။ ဝိသုဒ္ဓိမဂ်ဓမ္မလမ်းအဖွဲ့ (USA)
ဥက္ကဌ – ဒေါက်တာနေမင်းထွန်း
📞
အတွင်းရေးမှုး –
📞
📨 dhammalaancenter@gmail.com
