Stress နဲ့ပတ်သက်ပြီး အချက် ၄-ချက်နဲ့ ရှင်းပြပါ။

Stress နှင့် စိတ်၏ထုတ်ကုန် – စိတ်ငြိမ်းချမ်းရေးသို့ သင်ယူခြင်း

ကျွန်တော် ဒီနေ့ မိတ်ဆွေတို့ကို Stress အကြောင်းကို အချက်လေးချက်နဲ့ ရှင်းပြချင်ပါတယ်။ ဒါပေမဲ့ အရင်ဆုံး ပြောချင်တာက ဒီသင်တန်းကြီးကို ခက်ခဲလိမ့်မယ်၊ နားလည်မှာမဟုတ်ဘူးဆိုပြီး ခေါင်းထဲမှာ ကြိုပြီး ဖိအားတွေ ထည့်မထားကြပါနဲ့။ တရားပွဲ၊ တရားစခန်းဆိုကတည်းက လူတွေက တစ်မျိုးကြီးဖြစ်သွားရော၊ stress တွေ ဝင်လာတတ်တယ်။ အဲ့ဒီ stress ကို ကျွန်တော်က မရှိစေချင်ဘူး။ ပေါ့ပေါ့ပါးပါးပဲ နေစေချင်တယ်။ ကျွန်တော်က အခု အထူးအဆန်းကြီးတွေ၊ မသိတာတွေကို သင်ပေးသွားမှာ မဟုတ်ဘူး။ အမှန်တော့ ကျွန်တော်တို့ နေ့စဉ်အိမ်မှာ ပြောနေဆိုနေတာတွေ၊ အလုပ်လုပ်နေတာတွေ၊ အဲ့ဒါတွေထဲမှာပဲ တရားကရှိနေတာ။ အဲ့ဒါတွေကိုပဲ “ ဒါတွေက တရားပဲ” လို့ သိအောင်၊ မြင်အောင် ပြပေးသွားမှာ ဖြစ်ပါတယ်။

အချက်တစ် – Stress သည် Mind ၏ထုတ်ကုန် (Mind Product) ဖြစ်သည်

ပထမဆုံး နားလည်ရမှာက stress ဆိုတာ စိတ်ရဲ့ထုတ်ကုန် (Mind Product) ဖြစ်တယ်ဆိုတာပါ။ လောကမှာ စိတ်သည် အရာရာကို ဦးဆောင် ပြီး၊ အတွေးသည် စိတ်၏ အလုပ် (Mind Product) ဖြစ်၍ အကောင်းရော အဆိုးပါ မွေးထုတ်ပေးပါသည်။ အတွေး၏ အကောင်းအဆိုးတို့သည် မိမိတာဝန်သာ ဖြစ်သည်။ မိမိစိတ်ထဲကို မည်သူကမျှ ဝင်ရောက် တွေးပေးနေခြင်း မဟုတ်ပါ။ ကျွန်တော် ဒီဟာကို နည်းနည်းလေး ရှင်းပြချင်ပါတယ်။

စိတ်ဆိုတာ ကောင်းကင်ကြီးနဲ့ တူတယ်။ တိမ်တွေက အတွေးနဲ့တူတယ်။ တိမ်ဆိုတာ ပုံသဏ္ဌာန် အမျိုးမျိုး ဖြစ်နေတယ်။ ဒါပေမဲ့ ဘယ်မှာရှိတာလဲ၊ နောက်က ကောင်းကင်ကြီး ရှိတယ်။ ကျွန်တော်တို့က ရှိတာတော့ စိတ်ပဲ။ ဒီစိတ်ထဲမှာ ဒီအတွေးတွေက တစ်ခုပြီးတစ်ခု လိုက်ဖြစ်နေတာ။ ကျွန်တော်တို့ အတွေးတွေကလည်း ကောင်းကင်ပေါ်မှာ တိမ်တွေ အမျိုးမျိုးဖြစ်နေသလိုပဲ။ ဒါပေမဲ့ စိတ်ကတော့ မူလရှိတာတော့ စိတ်ပဲရှိတယ်။ စိတ်ကနေ အတွေးတွေ ထုတ်ပေးနေတာ။ အဲဒီတော့ စိတ်ကနေ ထုတ်ပေးတဲ့အတွက် ကောင်းတာထုတ်ပေးလိုက်ရင် ကောင်းတဲ့အတွေး ဖြစ်တာပဲ။ မကောင်းတာ ထုတ်လို့ရှိရင် မကောင်းတဲ့အတွေး ဖြစ်တာပဲ။ ကောင်းတဲ့အတွေးလည်း ထုတ်နိုင်တယ်၊ ဆိုးတဲ့အတွေးလည်း ထုတ်နိုင်တယ်။

ဒီလိုနဲ့ပဲ stress ဖြစ်တာလည်း ကျွန်တော်တို့ စိတ်ကနေ ထွက်လာတဲ့ အတွေးတွေကြောင့် ဖြစ်တာပါ။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကို လုံခြုံတယ်လို့ စိတ်မချမ်းသာဘူး။ ချမ်းသာစိတ်ဆိုတဲ့ဟာမျိုး သိပ်မခံစားရဘူး။ အဲ့ဒီတော့ တစ်ခုခုဆိုရင် stress ဖြစ်တယ်စိုးရိမ်ရတယ်ပူပင်ရတယ်။ ဒါတွေက အကုန်လုံး ကျွန်တော်တို့ စိတ်ကနေ ထွက်လာတဲ့ ထုတ်ကုန်တွေပဲ ဖြစ်ပါတယ်။

အချက်နှစ် – Mind က အကြောင်း၊ Stress က အကျိုး

နောက်တစ်ချက်က စိတ်က အကြောင်း၊ stress က အကျိုး ဖြစ်တယ်ဆိုတာပါ။ ကျွန်တော် ဒီဟာကို အကြောင်းအကျိုး နဲ့ ရှင်းပြချင်ပါတယ်။ အဝိဇ္ဇာ၊ တဏှာ၊ ဉပါဒါန် ဆိုတာ အင်္ဂလိပ်လို ပြောမယ်ဆိုရင် အပေါ်က Conscious mind (သိစိတ်) နဲ့ ရေခဲတောင် လိုပဲ။ အောက်ထဲမှာ ပင်လယ်ထဲမှာ ရေခဲတောင်ကြီးတွေ ရှိတယ်။ အပေါ်မှာ ပေါ်တာလေးက နည်းနည်းလေးရယ်၊ Iceberg လို့ ခေါ်တယ်။ အောက်ထဲမှာ အများကြီးနှစ်နေတယ်။ ရေခဲကြီးက အကြီးကြီးပဲ။ အပေါ်က ဟာလေးကို ကျွန်တော်တို့က Conscious mind (သိစိတ်) လို့ ကျွန်တော်က နာမည်ပေးလိုက်တယ်။ အောက်ထဲ နှစ်နေတာကြီးက Subconscious mind (မသိစိတ်)။

ကျွန်တော်တို့ အဝိဇ္ဇာ၊ တဏှာ၊ ဉပါဒါန် ကျတော့ ဉပါဒါန်နဲ့ စွဲနေတာ Subconscious mind ထဲမှာ။ အပေါ်က သိတာလေးက Conscious mind။ အဲ့ဒါလေးနဲ့ သိပေမယ့် အောက်က နှစ်နေတဲ့ ထုထည်ကြီးမားနေတဲ့ အဝိဇ္ဇာ၊ တဏှာ၊ ဉပါဒါန် လွှမ်းမိုးမှုကို ကျွန်တော်တို့ မလွန်ဆန်နိုင်ဘူး။ မကောင်းမှန်းသိပေမယ့် လူတွေ လုပ်နေကြတာပဲ။ ဘာဖြစ်လို့လဲ။ ဒီ Iceberg လိုပဲ အောက်ထဲမှာ နှစ်နေတဲ့ အဝိဇ္ဇာ၊ တဏှာ၊ ဉပါဒါန်ကျတော့ ကျွန်တော်တို့ သိစိတ်ပေါ်ကို Influence ပေးနိုင်တယ်။ သူက လွှမ်းမိုးနိုင်တယ်

အဲဒီတော့ စိတ်က အကြောင်း ဖြစ်ပြီး၊ အဲဒီစိတ်ထဲမှာ လောဘ၊ ဒေါသ၊ မောဟ ဆိုသော ကိလေသာ ပြဿနာများ ရှိနေပါသည်မောဟဆိုသော အမှန်မသိမှုအပေါ်မှာ လောဘဓာတ်ခံနှင့် ကြိုက်စွဲ၊ ဒေါသဓာတ်ခံနှင့် မကြိုက်စွဲ ဆိုသော စွဲလမ်းမှု ဘဝပြဿနာများ ဖြစ်နေပါသည်။ ထို့ကြောင့် stress ဖြစ်တာ က အကျိုးပဲ ဖြစ်ပါတယ်။ အကြောင်းက စိတ်ဲမှာ ရှိနေတဲ့ ကိလေသာတွေပါ။

အချက်သုံး – Stress ကို ဖြေရှင်းရန် Relax နှင့် Release လုပ်ရမည်

တတိယအချက်က stress ကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာပါ။ ကျွန်တော် ဒီမှာ Relax နဲ့ Release ဆိုတဲ့ နည်းလမ်းလေးကို ပြောပြချင်ပါတယ်။ Relax ဆိုတာ ပထမဆုံး အဲဒါ Gym (ဂျင်) သွားတဲ့လူတွေ သူက ကိုယ့်ကိုယ်ကို အကြောတွေ Stretching လုပ်ရတယ်။ အကြောလေးတွေ လျှော့ပြီးတော့ အေးအေးဆေးဆေးကို ဒီလို နေရမယ်။ အဲ့ဒီဟာမှာ Body က Relax လုပ်ရင် Mind ကို Release လုပ်ရမယ်စိတ်ကို လျှော့ချတတ်ဖို့ လိုတယ်

စိတ်က ဘယ်လို လျှော့ချရလဲဆိုတော့ စိတ်မလျှော့တတ်ရင် စိတ်က ဟိုအာရုံ ဒီအာရုံတွေ သွားတာများနေရင် စိတ်က လျှော့လို့ မရဘူး။ အဲ့တော့ ဝင်လေထွက်လေ ဆိုတဲ့ အာရုံလေးကို Focus လုပ်လိုက်ရင် Release ရတယ်။ တဖြည်းဖြည်း stress ဖြစ်တဲ့ အာရုံတွေ မရှိတော့ဘူး။ အဲ့ဒါကြောင့်မို့လို့ ဒါကြောင့်မို့လို့ ကျွန်တော်တို့က တရား Meditation လုပ်တယ်ဆိုတာ တရားလုပ်တာ မဟုတ်ဘူးMind နဲ့ ပတ်သက်တဲ့ ဟာတွေကို Practice လုပ်တာMind wellness, Mental wellness ပေါ့။

အဲ့တော့ ဘာလုပ်ရမလဲဆိုတော့ စိတ်ကို၊ ပထမဆုံး ခန္ဓာကိုယ်ကို Relax လုပ်။ ကျွန်တော်က ဘယ်လို ပြောလိုက်လဲဆိုတော့ Cooked vegetables ဖြစ်ရမယ်။ ကိုယ့်ခန္ဓာကိုယ်လေး ခေါင်းကနေ ခြေထောက် scanning လုပ်လိုက်ပါ။ စိုက်ကြည့်လိုက်ပါ။ ဘယ်နေရာ တင်းနေလဲ၊ တောင့်နေလဲ။ တစ်ခါတည်း လုပ်လို့ရတယ်။ ကိုယ့်ခန္ဓာကိုယ်ကို Scan လုပ်လိုက်တာနဲ့ တစ်ခါတည်း ခေါင်းကနေ ခြေထောက် သတိနဲ့ကြည့်လိုက်။ ကိုယ် ဘယ်နားမှာ တင်းနေလဲ၊ Tension တွေ များနေလား၊ Pressure တွေ ဖြစ်နေလား။ ကိုယ့်ကိုယ်ကို Adjust လုပ်လို့ရတယ်။ အဲ့ဒါပြီးရင် စိတ်လေးကို ဝင်လေထွက်လေလေး မှတ်ပြီးတော့ Release လုပ်လိုက်

စိတ်လေးကို ငြိမ်သွားအောင် လုပ်ရမှာ။ အာရုံရှိမှစိတ်ဖြစ်တယ် ဆိုတော့ ငြိမ်တဲ့အာရုံကို ကျွန်တော်တို့ နှလုံးသွင်းဖို့လိုတယ်။ ဒီငြိမ်တဲ့အာရုံလေးတွေကို နှလုံးသွင်းမှ mind က ငြိမ်ပြီး release ဖြစ်သွားမှာ။ သိမ်မွေ့တဲ့အာရုံတွေ၊ ငြိမ်တဲ့အာရုံတွေဆိုတာ စိတ်ကို ဝင်လေထွက်လေပေါ် တင်လိုက်တယ်။ ဝင်လေထွက်လေက ငြိမ်သက်တယ်။ ပုံမှန်လေးအတိုင်း ဖြေးဖြေးလေးရှူ ဖြေးဖြေးလေးထုတ်။ အဲ့ဒီရှူတဲ့လေလေးပေါ်မှာ စိတ်ကိုတင်လိုက်တဲ့အခါမှာ ပျံ့လွင့်နေတဲ့အာရုံတွေကနေ ငြိမ်သက်တဲ့အာရုံလေးတစ်ခုကို စပြီးတော့ ခံစားရမှာ ဖြစ်ပါတယ်။ အဲ့လိုလေးဖြစ်လာရင် ကိုယ့်ရဲ့စိတ်တွေက တဖြည်းဖြည်း release လျော့ကျလာမယ်၊ ငြိမ်သက်လာမယ်။ stillness ဖြစ်လာတော့ စိတ်ငြိမ်သက်မှုကို ကျွန်တော်တို့စတင်ပြီးတော့ တည်ထောင်ရတယ်သမာဓိပါပဲ။

စိတ်လေးငြိမ်သက်လာတယ်ဆိုတာ စိတ်ကိုလွှတ်ချလိုက်တာ။ ဒီအာရုံပေါ်မှာပဲ စိတ်ကိုသွင်းလိုက်တယ်၊ ဘယ်အာရုံမှ နှလုံးမသွင်းတော့ဘူး။ ကိုယ့်စိတ်လေးကို အဲ့ဒီအပေါ်မှာ ခြေစုံပစ်ဝင်လိုက်တာ။ Release ဆိုတာ အဲ့ဒီအပေါ်ကို ပုံချပစ်လိုက်တာ။ စိတ်က အဲ့ဒီအပေါ်ကို တင်နေရတာ မဟုတ်ဘူး။ ခြေစုံပစ်တယ်ဆိုတာ ကိုယ့်စိတ်ကို အဲ့ဒီပေါ်ကို ပုံချပစ်လိုက်တာ၊ အကုန်လွှတ်ချပစ်လိုက်တာ။ Release ဆိုတာ။ ဒီ့ပြင်အာရုံတွေကို တွယ်မနေတော့ဘူး

အချက်လေး – Stress-Free Life အတွက် Reflect, Reset, Rebuild လုပ်ရမည်

နောက်ဆုံးအချက်က stress-free life ရဖို့ Reflect, Reset, Rebuild လုပ်ရမယ်ဆိုတာပါ။ ကိုယ်လုပ်တဲ့ လုပ်ငန်းတွေ ဘာလိုအပ်ချက် အားသာချက် အားနည်းချက်တွေ ရှိမယ်။ အဲ့ဒါတွေကို Reflect လုပ်ပြီး ဘာလုပ်မလဲ၊ Reset ပြန်တည်ဆောက်ရမယ်၊ ပြန်ပြုပြင်ရမယ်။ အဲ့ဒါပြီးရင် Rebuild ဆိုတာ ပြန်ပြီးတော့ လုပ်ရမှာ ဖြစ်ပါတယ်။ အဲ့တော့ ဒီရုပ်ပိုင်းဆိုင်ရာအတွက်က Reflect လုပ်ရမယ်၊ Reset လုပ်ရမယ်၊ Rebuild လုပ်ရမယ်။ ဒါက ကိုယ့်ကျန်းမာရေးအတွက်လည်း ပြန်ကြည့်ရမယ်၊ စစ်ဆေးရမယ်၊ ငါ ဘယ်လို နေရမယ်၊ နေထိုင်မှုပုံစံ ဘယ်လို ပြောင်းသင့်လဲ၊ ပြောင်းပြီးတော့ ငါ ဘယ်လို နေမယ်၊ ဘဝကို ဘယ်လို တည်ဆောက်မယ်။ ဒီလိုပဲ သွားရမယ်။ ဒါ ရုပ်ပိုင်းဆိုင်ရာ။

အဲ့တော့ စိတ်ပိုင်းဆိုင်ရာက ဘာလုပ်ရမလဲ။ ကိုယ့်စိတ်ကို Relax လုပ်ရမယ်။ Relax လုပ်ပြီး ဘာလုပ်လဲ၊ ကိုယ့်ရဲ့ အရင်တုန်းက ဆုပ်ကိုင်တာတွေကို Release လုပ်ပါ။ အဲဒါဆိုရင် Rebuild လုပ်လိုက်ရင် Reborn ပြန်ဖြစ်သွားမယ်။ အာ ဒါဆိုရင် မဆိုးဘူး။ သောတာပန် မဖြစ်တောင်မှ Reborn တော့ ပြန်ဖြစ်သွားပြီ။ လူသစ် စိတ်သစ်နဲ့ အဖွဲ့တွေ လူသစ် စိတ်သစ်တွေနဲ့ ကျွန်တော်တို့ ဆက်လျှောက်ကြရအောင်။

ကျွန်တော် နောက်ဆုံးမှာ ပြောချင်တာက stress ဖြစ်တာက မိမိစိတ်ရဲ့ တာဝန်သာ ဖြစ်သည်။ မိမိစိတ်ထဲကို မည်သူကမျှ ဝင်ရောက် တွေးပေးနေခြင်း မဟုတ်ပါ။ အတွေးကို မိမိက တာဝန်ယူနိုင်ခြင်း၊ မယူနိုင်ခြင်းသာ ဖြစ်သည်။ ထိုအတွေးကို ထိန်းကျောင်းနိုင်ရန် အမြင်မှန်တစ်ခု ရှိရပေမည်။ ထိုအမြင်မှန်အတွက် မြတ်ဗုဒ္ဓက ညွှန်ပြ သင်ကြားပေးခြင်း ဖြစ်သည်အမြင်မှန်လျှင် အတွေးမှန်လာပါမည်။ အတွေးမှန်လျှင် အပြောမှန်လာပါမည်။ အပြောမှန်လျှင် အလုပ်လည်း မှန်ပါမည်။ အပြောမှန် အလုပ်မှန်လျှင် အသက်မွေးမှုသည်လည်း မှန်ပါမည်။ ရှင်းသည့် ဘဝနေနည်း ဖြစ်သည်။ နေနည်းတတ်လျှင် သေနည်းလည်း တတ်ပါသည်။ အသေတတ်လျှင် အသေလွတ်ပါမည်။

ကျွန်တော်တို့ ဒီလေးချက်ကို နားလည်သွားရင် stress-free ဖြစ်အောင် နေနိုင်မှာပါ။ ပစ္စုပ္ပန်တည့်အောင် နေတတ်ရင် တွေးစရာ မလိုတော့ဘူး။ တွေးစရာ မလိုတဲ့ အတွက် သူက Peace ရသွားတာRest In Peace က သေမှ ရတာ သူက။ Sleep In Peace က အိပ်ပျော်သွားရင်လည်း သူက Rest ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့က Live In Peace ရဖို့ ပစ္စုပ္ပန်မှာပဲ energy အပြည့်လုပ်လို့ရတယ်။ အခုက အတိတ်တွေရောက်ပြီးတော့ energy က ကုန်နေတာ။ အဲဒီတော့ ပစ္စုပ္ပန်မှာ ကျွန်တော်တို့ energy က မရှိတော့ဘူး။ စိတ်တွေက လွင့်နေတယ်။

ဒါကြောင့် ဝင်လေထွက်လေ မှတ်လိုက်ရင် ဘာမှ မတွေးတော့ဘူး၊ အဲဒီ Meditation ဆိုတာ တရားထိုင်တာမဟုတ်ဘူးmind ကို alert ဖြစ်အောင်နေရမှာ၊ ပစ္စုပ္ပန်တည့်အောင်Mindfulness ပါပဲ။ သတိ ရှိရင် stress က လျော့သွားမှာ ဖြစ်ပါတယ်။

သာဓု၊ သာဓု၊ သာဓု။

Dr. Soe Lwin (Mandalay)

မှတ်ချက်ရေးပါ

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်