Dr. Soe Lwin and Daw Shwe Yi

ဒေါ်ရွှေရည်လှ အသက် ၆၀ ပြည့် မွေးနေ့ ကောင်းမှု

ဒေါ်ရွှေရည်လှ (ဥက္ကဋ္ဌ ဝေယျာဝစ္စအဖွဲ့၊ ဒုဥက္ကဋ္ဌ ဝိသုဒ္ဓိမဂ် ဓမ္မလမ်း ဝိပဿနာစင်တာ ပြင်စာ) ၏ ယနေ့ 25.1.2021 ရက်နေ့တွင်ကျရောက်သော အသက် ၆၀ ပြည့် မွေးနေ့ ကောင်းမှု မြတ်ဒါနအဖြစ် မဟာသဒ္ဓမ္မဇောတိကဓဇဒေါက်တာစိုးလွင် (မန္တလေး)ဒေါ်ရွှေရည်လှ မိသားစုတို့က လှူဒါန်းသောလှူဒါန်းမှု ဒါနကောင်းမှု အစုစုတို့မှာ

၁။ရန်ကင်းတောင်ခြေ “ကမ္ဘာ့ငြိမ်းချမ်းရေး တက္ကသိုလ်” သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း 150000/
၂။ဆရာတော် ဦးဇောတိကအား နဝကမ္မအလှူငွေ လှူဒါန်းခြင်း 100000/
၃။ဗုဒ္ဓဂယာမှ မြန်မာပြည်ရောက်စာသင်သားသာမဏေများအား လှူဒါန်းခြင်း 120000/
၄။နိုင်ငံတော်သို့ ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရန် လှူဒါန်းခြင်း 300000/
၅။ဝိသုဒ္ဓိမဂ် ဓမ္မလမ်း ရန်ကုန်အဖွဲ့ မဟာသဒ္ဓမ္မဇောတိကဓဇ ဓမ္မာရုံတည်ဆောက်ရန် လှူဒါန်းခြင်း 300000/
၆။ပြင်စာစင်တာသို့ လျှပ်စစ်မီး အတွက်လှူဒါန်းခြင်း 100000/
၇။ဆရာကြီး၏ မိခင်အား ကန်တော့လှူဒါန်းခြင်း 100000/
၈။စည်ပင်အမှိုက်ကားဝန်ထမ်းများအား လှူဒါန်းခြင်း 30000/

စုစုပေါင်း အလှူငွေ (၁၂) သိန်းကျပ်အားလောဘစွန့်၍ ‌လှူဒါန်းပါသည်။
ဒေါ်ရွှေရည်လှ Shweyi Hla ၏ အသက် ၆၀ ပြည့် မင်္ဂလာမွေးနေ့မှသည် အသက် ၁၂၀ တိုင် ချမ်းမြေ့သော မွေးနေ့များတည်ပါစေ။
မွေးနေ့ရှင်နှင့် မိသားစုများကံလည်းကောင်းကြပါစေ။ ဉာဏ်လည်းကောင်းကြပါစေ။ တရားထူးများလည်း ရကြပါစေ။
သာဓု….. သာဓု…. သာဓု။ 

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

my_MMဗမာစာ