ပဋိစ္စသမုပ္ပါဒ်
ပဋိစ္စသမုပ္ပါဒ် – အကြောင်းအကျိုးဆက်နွယ်မှု၏ နက်နဲသောတရား ပဋိစ္စသမုပ္ပါဒ်သည် ဝိပဿနာအလုပ်တွင် မသိမဖြစ် အလွန်အရေးကြီးသော ဒေသနာတော်ပင် ဖြစ်ပါသည်။ ဤတရားသည် ဘဝသံသရာ အကြောင်းအကျိုးပင် ဖြစ်ကာ သမုတိနယ်မှ ပရမတ်နယ်သို့ကူးရာတွင်၄င်း၊ သစ္စာနယ်သို့ ဝင်ရာတွင်၄င်း မဖြစ်မနေ နားလည်ရမည့် တရားမြတ်ဖြစ်ပါသည်။ ပဋိစ္စသမုပ္ပါဒ်ကို နားလည်လျှင် သံသရာလည်ပုံကို၄င်း၊ သံသရာပြတ်ပုံကို၄င်း သိမြင်နိုင်ပါမည်။ ပဋိစ္စသမုပ္ပါဒ်၏ နက်နဲခြင်းလေးရပ် ပဋိစ္စသမုပ္ပါဒ်သည် အကျိုး (အနက်) အားဖြင့်လည်းကောင်း၊ အကြောင်း (ဓမ္မ) အားဖြင့်လည်းကောင်း၊ ဟောစဉ် (ဒေသနာ) အားဖြင့်လည်းကောင်း၊ ထိုးထွင်းသိမြင်အပ်သော (ပဋိဝေဓ) အားဖြင့်လည်းကောင်း နက်နဲလှပေသည်။ ဇရာမရဏသည် ဇာတိကြောင့် မဖြစ်သည်မဟုတ်၊ ဇာတိနှင့် ကင်း၍ တပါးသော အကြောင်းကြောင့် ဖြစ်သည်လည်း မဟုတ်၊ စင်စစ်အားဖြင့် ဇာတိကြောင့်သာလျှင် ဖြစ်၏။ ဇရာမရဏ၏ […]
