အနတ္တဆိုတာဘာလဲ
အနတ္တ၏ အဓိပ္ပါယ်နှင့် နားလည်ရခက်သော အကြောင်းရင်း ကျွန်တော် ဒီနေ့ သင်တို့အား အနတ္တဆိုတဲ့ တရားရတနာကြီးကို နားလည်လွယ်အောင် ရှင်းပြချင်ပါတယ်။ အမှန်တော့ အနတ္တဟာ ဗုဒ္ဓဘာသာတရား၏ နှလုံးသားပါပဲ။ ဒါပေမယ့် လူတိုင်းနီးပါး နားလည်ရခက်တဲ့ တရားလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ တစ်သက်လုံး အတ္တအမြင်နဲ့သာ အသက်ရှင်နေကြလို့ပါ။ အနတ္တကို မြင်ဖို့က ကျွန်တော်တို့ရဲ့ ကျောမှာကပ်နေတဲ့ အရာကို ရှာသလိုပါပဲ။ အဝေးကြီးမှာရှိရင်တောင် မျက်စိနဲ့လှမ်းမြင်နိုင်သေးတယ်၊ ဒါပေမယ့် ကျောမှာကပ်နေတဲ့အတွက် ဘယ်တော့မှ မတွေ့နိုင်ဘူး။ အနတ္တနဲ့ အတ္တက one hundred eighty degree လုံးဝကွာနေတဲ့ အမြင်နှစ်မျိုးပါ။ စာရွက်တစ်ရွက်မှာရှိတဲ့ နှစ်မျက်နှာက ဘယ်တော့မှ မျက်နှာချင်းမဆိုင်သလိုပါပဲ။ အတ္တအမြင်မှ အနတ္တအမြင်သို့ အတ္တဆိုတာက ပုဂ္ဂိုလ်အလိုအတိုင်း အကျိုးတရားအပေါ်မှာ အစိုးရနိုင်တယ်၊ […]
