‘ဝ’ ပိုင်မှ ‘ဝိ’ နိုင်မည့် ဝိပဿနာအခြေခံ
မင်္ဂလာပါ။ ဒီနေ့မှာတော့ ဆရာကြီး ဒေါက်တာစိုးလွင် (မန္တလေး) ရေးသားဟောကြားတော်မူသော “ ဝိပဿနာ ‘ဝ’လုံးတန်း” တရားတော်ကို ဓမ္မမိတ်ဆွေများ နာယူနိုင်ရန် တင်ဆက်ပေးလိုက်ပါသည်။
ဝိပဿနာတရား အားထုတ်လိုသူများအနေဖြင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးပါးကို မရှုမှတ်မီ ရုပ်နာမ်၊ ပညတ်၊ ပရမတ်တို့ကို ပိုင်းခြားစိတ်ဖြာသိမြင်ခြင်းဆိုသည့် “ ဝဝတ္ထာပနဉာဏ်” (ဝလုံးတန်း) ရှိထားရန် အလွန်အရေးကြီးပါသည်။ ဆရာကြီးက “ ဝ မရှိဘဲ ဝိ မလုပ်ချင်နဲ့” ဟု သတိပေးထားသကဲ့သို့၊ ဤတရားတော်တွင် ဝိပဿနာနယ်သို့ မဝင်မီ သိထားရမည့် အခြေခံများကို ရှင်းလင်းစွာ ဟောကြားထားပါသည်။
ဤတရားတော်တွင် ပါဝင်သည့် အဓိကအချက်များ –
- သမုတိနယ်၊ ပရမတ်နယ် နှင့် သစ္စာနယ် (၃) နယ် ခွဲခြားပုံ
- မျက်မြင် “ အထည်ခန္ဓာ” နှင့် ဉာဏ်မြင် “ သဘောခန္ဓာ” ကွာခြားချက်
- ဝိပဿနာအတွက် မရှိမဖြစ် အခြေခံဉာဏ် (၂) ပါး
- အကြောင်းအကျိုး (ပဋိစ္စသမုပ္ပါဒ်) ကို ပရမတ်ရှုထောင့်မှ သိမြင်ပုံ
ဝိပဿနာတရားကို အခြေခံမှစ၍ စနစ်တကျ လေ့လာလိုသူများအတွက် အထူးသင့်လျော်သော တရားတော်ဖြစ်ပါသည်။ (အောက်ပါလင့်ခ်တွင် ဝင်ရောက်နာယူနိုင်ပါပြီ)
“ ဝိပဿနာ ‘ဝ’လုံးတန်း” စာအုပ် အကြောင်း ဤတွင် ဖတ်ရှုနိုင်ပါသည်။
"၀ိပဿနာ ၀လုံးတန်း" တရားတော် - ဒေါက်တာစိုးလွင် (မန္တလေး)၊ ၂၀၁၃
- 1. ၀ိပဿနာ ၀လုံးတန်း ၁ (၂၇-၁၁-၂၀၁၃)
- 2. ၀ိပဿနာ ၀လုံးတန်း ၂ (၂၈-၁၁-၂၀၁၃)
- 3. ၀ိပဿနာ ၀လုံးတန်း ၃ (၂၉-၁၁-၂၀၁၃)
- 4. ၀ိပဿနာ ၀လုံးတန်း ၄ (၃၀-၁၁-၂၀၁၃)
- 5. ၀ိပဿနာ ၀လုံးတန်း ၅ (၁-၁၂-၂၀၁၃)
