ဝေဒနာကို ဘယ်လို ဆင်ခြင်ရမလဲ

ဝေဒနာကို ဘယ်လို ဆင်ခြင်ရမလဲ

ဝေဒနာအကြောင်းကို ကျွန်တော် အသေးစိတ် ရှင်းပြချင်ပါတယ်။ ဝေဒနာဆိုတာ ခံစားမှုပါ။ သုခဝေဒနာ (ချမ်းသာတဲ့ခံစားမှု)၊ ဒုက္ခဝေဒနာ (ဆင်းရဲတဲ့ခံစားမှု)၊ အဒုက္ခမသုခဝေဒနာ (မချမ်းသာမဆင်းရဲတဲ့ခံစားမှု) ဆိုပြီး သုံးမျိုးရှိပါတယ်။ ဒီဝေဒနာတွေက ခန္ဓာငါးပါးထဲမှာ ပါဝင်တဲ့ နာမ်ခန္ဓာတစ်ပါးဖြစ်ပါတယ်။ မျက်စိနဲ့အဆင်းတိုက်လို့ မြင်စိတ်ပေါ်တဲ့အခါ၊ ဒီမြင်စိတ်ဝိညာဏ်က အာရုံကို ယူပေးပါတယ်။ ပြီးရင် ဖဿ (အာရုံ၊ ဒွါရ၊ စိတ်သုံးခုပေါင်းတဲ့သဘော) က ရသဓာတ်တွေ ထွက်အောင် ကြိတ်ချေပေးပါတယ်။ အဲဒီကြိတ်ချေမှုကြောင့် ဝေဒနာက ကောင်းအဆိုးရသဓာတ်တွေကို ခံစားရတာပါ။ သညာက မှတ်သားပြီး သင်္ခါရက ကာယကံ၊ ဝစီကံ၊ မနောကံတို့နဲ့ တုံ့ပြန်ပါတယ်။

ဒီတော့ ဝေဒနာဆိုတာ အာရုံနဲ့ထိတွေ့မှ ပေါ်တဲ့ အကျိုးတရားပါ။ အာရုံက အကြောင်း၊ ဝေဒနာက အကျိုး။ ကောင်းတဲ့အာရုံနဲ့တွေ့ရင် သုခဝေဒနာ ပေါ်ပါတယ်။ မကောင်းတဲ့အာရုံနဲ့တွေ့ရင် ဒုက္ခဝေဒနာ ပေါ်ပါတယ်။ ဒါက သဘာဝပါ။ ကျွန်တော်တို့ ဒီသဘာဝကို မမြင်နိုင်ပဲ “ ငါနာတယ်” လို့ အတ္တနဲ့ယူပြီး “ ငါမနာအောင် ဘယ်လိုလုပ်မလဲ” ဆိုပြီး ဝေဒနာကို ပြဿနာလုပ်ပြီး စဉ်းစားနေကြတာပါ။ နာတာက ပြဿနာမဟုတ်ပါဘူး။ နာတဲ့ဝေဒနာကို သဘာဝတရားအနေနဲ့ လက်ခံရမှာပါ။ အနတ္တကို သဘောမပေါက်လို့ပါ။ ခန္ဓာငါးပါးမှာ နာတတ်တဲ့ဝေဒနာက ပါပြီးသားပါ။

ကိုယ်နာပေမဲ့ စိတ်မနာအောင် ဘယ်လို ဆင်ခြင်ရမလဲ

မြတ်စွာဘုရားက “ ကိုယ်သာနာပြီး စိတ်မနာဖို့” ညွှန်ပြဟောကြားခဲ့ပါတယ်။ နကုလပီတုသုတ်မှာ ဘဝပေါင်း ၁၅၀၀ မြတ်စွာဘုရားနဲ့ မိဘတော်ခဲ့တဲ့ နကုလပီတုကို “ ကိုယ်သာနာပြီး စိတ်မနာစေနဲ့” လို့ ဟောလိုက်တော့ နားမလည်သေးပါဘူး။ အရှင်သာရိပုတ္တရာက ရှင်းပြတဲ့အခါမှာ “ ခန္ဓာငါးပါး၊ ရုပ်နာမ်နှစ်ပါးကို အတ္တလို့ယူရင် ကိုယ်နာပြီး စိတ်နာတယ်။ အတ္တလို့မယူရင် ကိုယ်နာပေမဲ့ စိတ်မနာတော့ဘူး” လို့ ပြောပါတယ်။ ဒါကို သာမန်လူတွေ နားလည်ဖို့ မလွယ်လှပါဘူး။

ဒီတော့ ကိုယ်နာတာက မကောင်းတဲ့အာရုံနဲ့တွေ့ရင် ဒုက္ခဝေဒနာက ကိုယ်မှာပေါ်တာပဲကိုယ်နာတဲ့ရှေ့စိတ်က ဝေဒနာကို နောက်စိတ်မနောက်ဖို့ “ သတိနဲ့ဆင်ခြင်” ရပါတယ်ဝေဒနာရဲ့သဘောအမှန်ကို အရှိကိုအရှိအတိုင်း သိအောင် သတိနဲ့ဆင်ခြင်ရတာပါ။ ကျွန်တော်တို့က နာတာကို ရန်သူလိုသဘောထားပြီး တိုက်ပွဲလို တိုက်ချင်နေကြတာပါ။ အမှန်က ရန်သူဆိုတာမရှိပါဘူးသဘာဝမှာ ကောင်းတာလည်းရှိသလို မကောင်းတာတွေလည်းရှိတယ်။ လေပြေလေညင်းရှိသလို မုန်တိုင်းလည်းရှိတယ်။ ပူတာရှိသလို အေးတာလည်းရှိတယ်။ လောကမှာ ဆန့်ကျင်ဖက်တရားတွေ ဒွန်တွဲနေကြတာက သဘာဝပါပဲ

ဝေဒနာကို အကြောင်းအကျိုးအနေနဲ့ သိခြင်း

ဝေဒနာကို အကြောင်းအကျိုးအနေနဲ့ သိဖို့ အရေးကြီးပါတယ်အာရုံက အကြောင်း၊ အာရုံက ကျေးဇူးပြုလို့ ကိုယ်ထဲမှာ ဝေဒနာပေါ်တာက အကျိုးအကြောင်းတရားနဲ့အကျိုးတရားမှာ အကျိုးတရားက ကိုယ်နဲ့ဆိုင်လားအဲဒီဝေဒနာ ကိုယ်နဲ့ဆိုင်လား။ အဲဒါသိရင် သောတာပန်ဖြစ်မယ်ဝေဒနာရဲ့အနတ္တကို အရင်ဆုံးမြင်အောင်ကြည့်ပါ။ ဝေဒနာ ဘယ်လိုပေါ်လာလဲဆိုတဲ့ အခြေခံ လိုချင်တာပါ။ ဝေဒနာက ကိုယ်မှာ အမြဲမရှိပါဘူး။ အာရုံဆိုတဲ့ condition က ကျေးဇူးပြုလိုက်မှ ဝေဒနာပေါ်သွားတာပါ။

အာရုံက အကြောင်း၊ အာရုံက ကျေးဇူးပြုလို့ ကိုယ်ထဲမှာ ဝေဒနာပေါ်တာက အကျိုး။ ဒီအကြောင်းအကျိုးကို ကျွန်တော်တို့က အတ္တနဲ့သိတဲ့အကြောင်းအကျိုးတော့ မဟုတ်ပါဘူး။ အနတ္တနဲ့သိရမယ်ဝေဒနာဖြစ်ပျက်လုပ်တယ်ဆိုတာ ကျော်သွားပြီးသားပါ။ ကျွန်တော်တို့ လိုချင်တာက ပထမဦးဆုံး သိရမှာက ဝေဒနာ ကိုယ်ထဲမှာ အမြဲမရှိဘူး။ အာရုံဆိုတဲ့ condition က ကျေးဇူးပြုလိုက်မှ ဝေဒနာပေါ်သွားတာပါ။

ဝေဒနာပစ္စယာ တဏှာ – ဝေဒနာကြောင့် တဏှာဖြစ်ပုံ

ဝေဒနာကြောင့် တဏှာတွေဖြစ်ရတယ်ဝေဒနာက ကုသိုလ်လည်းမဟုတ်၊ အကုသိုလ်လည်းမဟုတ်ပါဘူး။ မြင်တာ၊ ကြားတာ၊ နံတာ၊ စားတာ၊ ထိတာ၊ တွေးတာတွေက အတိတ်ကကံကြောင့် ဖြစ်နေတဲ့ “ အကျိုး” တရားတွေ“ ဝိပါက်” လို့ခေါ်ပါတယ်။ ကုသိုလ်လည်းမဟုတ်၊ အကုသိုလ်လည်းမဟုတ်ပါဘူးဝေဒနာက ရှေ့စိတ်၊ ရှေ့စိတ်ဆိုတဲ့ဝေဒနာက အာရုံနဲ့ထိတွေ့ရင် သူ့သဘောသူဆောင် ဖြစ်နေတာပဲ

ဝေဒနာပစ္စယာ တဏှာ ဆိုတော့ ဝေဒနာက ဘာကို ကျေးဇူးပြုလိုက်တာလဲ။ တဏှာဆိုတဲ့အကုသိုလ်ကို ကျေးဇူးပြုလိုက်တာပါ။ အကြောင်းဝေဒနာနှင့် အကျိုးတဏှာတို့မှာ စိတ္တက္ခဏအတွင်းမဖြစ်ပဲ “ စိတ္တက္ခဏများခြား” ၍ ဖြစ်ကြကုန်ပါတယ်။ အနုသယဓာတ်ရှိသူ၌သာ ဝေဒနာကြောင့် တဏှာဖြစ်ရာဝယ် (အနုသယ-တဏှာဓာတ်ခံရှိသူ)၌သာ ပရိယုဋ္ဌာန-တဏှာ(လောဘ)သည် ‘ဥပါဒ်-ဌိ-ဘင်’အားဖြင့် ဖြစ်ပေါ်လာပါတယ်။ အနုသယ “ တဏှာဓာတ်” ကုန်ပြီးသော ရဟန္တာအရှင်မြတ်တို့၌ ဝေဒနာကြောင့် တဏှာမဖြစ်ပါဘူး။

ဝေဒနာကို သတိနဲ့ဆင်ခြင်ခြင်း

ဝေဒနာကို သတိနဲ့ဆင်ခြင်ဖို့ အရေးကြီးပါတယ်ဝေဒနာပစ္စယာ တဏှာမဖြစ်တော့ဘဲ ဝေဒနာကို အစွဲပြုပြီး သတိဖြစ်လာတယ်။ ဒီသတိကြောင့် ဉာဏ်ဖြစ်လာလိမ့်မယ်ဝေဒနာက တဏှာကိုပဲ ကျေးဇူးပြုတာမဟုတ်ပါဘူး။ ဝေဒနာက သတိကိုလည်း ကျေးဇူးပြုပါတယ်။ ဒီသတိကြောင့် ဉာဏ်ဖြစ်လာရင် ဉာဏ်နဲ့လွတ်မြောက်မှုကို ရပါတယ်

နာတာကို နမူနာယူပြီး ဝေဒနာအကြောင်း ကောင်းကောင်းသဘောပေါက်အောင် သတိပဋ္ဌာန်နည်းနဲ့ အားထုတ်တာပါ။ မနှစ်သက်တဲ့အာရုံနဲ့တွေ့ရင် ဘယ်လိုစိတ်ထားရမယ်ဆိုတာကို သိသွားတယ်။ ဘယ်လို နှလုံးသွင်းရမယ်ဆိုတဲ့ စိတ်ရဲ့ attitude ကို သိသွားတယ်။ mental attitude စိတ်ထားတတ်မှု၊ နှလုံးသွင်းတတ်မှုလို့ဆိုပါတယ်။ အဲဒါကို ပညာရပ်တစ်ခုအနေနဲ့ သိသွားရင် လောကထဲမှာ ကိုယ်မကြိုက်တဲ့အာရုံနဲ့တွေ့ရင် ဘယ်လို သတိထား နှလုံးသွင်းရမယ်ဆိုတာ လုပ်တတ်သွားပါတယ်

နေ့စဉ်ဘဝမှာ နှလုံးသွင်းခြင်း

နေ့စဉ်ဘဝထဲမှာ ကိုယ့်သတိပေါ်မှာ မူတည်ပြီးတော့ ကိုယ်က နှလုံးသွင်းလို့ရတယ်အကြောင်းကြောင်းကြောင့် ကုသိုလ်အကုသိုလ် သီလကနေလည်း နှလုံးသွင်းလိုက်။ စေတနာလေးတွေ၊ ရုပ်နာမ်လေးတွေ၊ သညာလေးတွေပေါ်တယ်၊ ဝေဒနာလေးတွေပေါ်တယ်လို့လည်း နှလုံးသွင်းလိုက်အကြောင်းကြောင်းကြောင့် ဒုက္ခသစ္စာဆိုတဲ့ ဒီခန္ဓာကိုယ်ကြီးကို ဆင်းရဲအမှန် တကယ်အမှန်မြင်သွားရင်လည်း ကောင်းတာပဲ

ကိုယ့်အခြေအနေပေါ်မှာ မူတည်ပြီးတော့ ကိုယ်ဘာနဲ့နှလုံးသွင်းရင် အဆင်ပြေမလဲ ကိုယ့်ဟာကိုယ် လေ့ကျင့်ကြည့်ပါ။ သီလ Dimension လား၊ သမာဓိ Dimension လား၊ ပညာ Dimension လားဒီလိုလေးတွေ ဘုရားရှိခိုးတဲ့အခါမှာ ဘယ်လို နှလုံးသွင်းမယ်။ ထိတဲ့အခါ၊ မတဲ့အခါ ဘယ်လို နှလုံးသွင်းမယ်။ ကိုယ့်ဟာကိုယ်လည်း တည်ဆောက်ထားပေါ့။ အိမ်လှေကားတက်ရင် ဘယ်လို နှလုံးသွင်းမယ်ကိုယ်က အဲလို တည်ဆောက်ထားရင် သူ့နေရာနဲ့သူ အိုကေနေတာပဲ

သတိရှိလာလို့ရှိရင် ဘာမှမဟုတ်ဘူးဆိုတဲ့ အနှစ်သာရမရှိမှုကို တွေ့နိုင်ပါတယ်။ မဟုတ်တာဆိုတော့ ဟုတ်တာကဘာလဲဆိုရင် သတိရှိဖို့က အဓိကပဲ။ ဒီသတိရှိလာရင် ဝေဒနာကိုစွဲလမ်းတဲ့ကိလေသာက လွတ်မြောက်သွားတယ်ဝေဒနာပစ္စယာ တဏှာမဖြစ်တော့ဘဲ ဝေဒနာကိုအစွဲပြုပြီး သတိဖြစ်လာတယ်

ဒီလိုနဲ့ပဲ ဝေဒနာကို အကြောင်းအကျိုးအနေနဲ့ သိပြီး၊ အနတ္တအနေနဲ့ မြင်ပြီး၊ သတိနဲ့ဆင်ခြင်တတ်လာရင် ကိုယ်နာပေမဲ့ စိတ်မနာတော့တဲ့ ပညာရပ်ကို ကျွန်တော်တို့ သိသွားမှာပါ။

Dr. Soe Lwin (Mandalay)

မှတ်ချက်ရေးပါ

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်