သတိ ပညာနဲ့ stress ကင်းအောင် နေနည်း

စိတ်ဖိစီးမှုကင်းစေမည့် သတိနှင့်ပညာ၏လမ်းစဉ်

ကျွန်တော် ယနေ့ ခင်ဗျားတို့ကို ပြောပြချင်တာက သတိနှင့်ပညာ ဆိုတဲ့ နှစ်ခုကို မည်သို့အသုံးချပြီး စိတ်ဖိစီးမှု (stress) ကင်းစေမလဲဆိုတဲ့ အကြောင်းပါ။ ကျွန်တော်က အခုလိုပဲ လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြောသလို ပေါ့ပေါ့ပါးပါး ပြောပြချင်ပါတယ်။ အရင်ဆုံး မှတ်ထားစေချင်တာက stress ဆိုတာ မရှိစေချင်ဘူး။ တရားပွဲဆိုရင် stress ဖြစ်နေတတ်တယ်၊ တရားစခန်းဆိုရင် တစ်မျိုးကြီးဖြစ်နေတတ်တယ်။ ဒါပေမဲ့ ကျွန်တော်က ခင်ဗျားတို့ကို stress zero လောက်ဖြစ်အောင် နေစေချင်တာပါ။

Stress ဖြစ်ရတဲ့ အကြောင်းရင်းနှင့် အမှန်တရား

ကျွန်တော်တို့ stress များတဲ့အကြောင်းက ဘာလဲ ဆိုတော့ ကိုယ့်ကိုယ်ကို လုံခြုံတယ်ဆိုတဲ့ဟာမျိုး သိပ်မခံစားရဘူး။ တစ်ခုခုဆိုရင် stress ဖြစ်တယ်၊ စိုးရိမ်ရတယ်၊ ပူပင်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က မျှော်လင့်ချက် (expectation) တွေရှိတယ်။ ဒီ expectation နဲ့ reality ကြားမှာ gap တစ်ခုဖြစ်နေတယ်။ အဲ့ဒီ gap ကြောင့် မပြည့်စုံတယ်လို့ မခံစားရဘူး။

ဘဝဆိုတာ ရုန်းကန်ရမှု (struggle) လို့ ရှေ့ပညာရှိတွေက ဖွင့်ဆိုခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က ခင်ဗျားတို့ကို ဘဝအပေါ် မြင်တဲ့အမြင် (dimension) ကို ပြောင်းစေချင်တာပါ။ ဘဝကို educational institution လို့ မစဉ်းစားမိဘဲ struggle institution လို့ပဲ ကြည့်ခဲ့ကြတာ။ အခု ကျွန်တော်က dimension တွေ ပြောင်းလိုက်ပါမယ်။ ဘဝအပေါ် မြင်တဲ့အမြင် ပြောင်းရမယ်

ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ Relax နှင့် Release

ရုပ်ပိုင်းဆိုင်ရာ (Physical) အတွက်က Reflect, Reset, Rebuild လုပ်ရမယ်။ ကိုယ့်လုပ်တဲ့လုပ်ငန်းတွေ ဘာလိုအပ်ချက်၊ အားသာချက်၊ အားနည်းချက်တွေ ရှိမယ်။ အဲ့ဒါတွေကို ပြန်တည်ဆောက်ရမယ်၊ ပြန်ပြုပြင်ရမယ်။ ကိုယ့်ကျန်းမာရေးအတွက်လည်း ပြန်ကြည့်ရမယ်၊ စစ်ဆေးရမယ်၊ နေထိုင်မှုပုံစံ ဘယ်လို ပြောင်းသင့်လဲ၊ ပြောင်းပြီးတော့ ဘယ်လို နေမယ်၊ ဘဝကို ဘယ်လို တည်ဆောက်မယ်။

စိတ်ပိုင်းဆိုင်ရာ (Mental) က ဘာလုပ်ရမလဲ။ ကိုယ့်စိတ်ကို Relax လုပ်ရမယ်။ ကျွန်တော်တို့က stress တွေ များတယ်။ စိတ်က ဟိုအာရုံ ဒီအာရုံတွေ သွားများနေရင် စိတ်က လျှော့လို့ မရဘူး။ အဲ့တော့ ဝင်လေထွက်လေ ဆိုတဲ့ အာရုံလေးကို Focus လုပ်လိုက်ရင် Release ရတယ်။ အာရုံက တဖြည်းဖြည်း stress ဖြစ်တဲ့ အာရုံတွေ မရှိတော့ဘူး။

ဂျင် (Gym) သွားတဲ့လူတွေ အကြောတွေ Stretching လုပ်ရတယ်။ အကြောလေးတွေ လျှော့ပြီးတော့ အေးအေးဆေးဆေးကို နေရမယ်။ Body က Relax လုပ်ရင် Mind ကို Release လုပ်ရမယ်။ စိတ်ကို လျှော့ချတတ်ဖို့ လိုတယ်။ စိတ်မလျှော့တတ်ရင် စိတ်က ဟိုအာရုံ ဒီအာရုံတွေ သွားတာများနေရင် စိတ်က လျှော့လို့ မရဘူး။

သတိတည်ထောင်ခြင်းနှင့် စိတ်ကြည်လင်မှု

တရား Meditation လုပ်တယ်ဆိုတာ တရားလုပ်တာ မဟုတ်ဘူး။ Mind နဲ့ ပတ်သက်တဲ့ ဟာတွေကို Practice လုပ်တာMental wellness ပေါ့။ ဘာလုပ်ရမလဲဆိုတော့ စိတ်ကို၊ ပထမဆုံး ခန္ဓာကိုယ်ကို Relax လုပ်။ ကိုယ့်ခန္ဓာကိုယ်လေး ခေါင်းကနေ ခြေထောက် scanning လုပ်လိုက်ပါ။ စိုက်ကြည့်လိုက်ပါ။ ဘယ်နေရာ တင်းနေလဲ၊ တောင့်နေလဲ။ တစ်ခါတည်း လုပ်လို့ရတယ်။ ကိုယ့်ခန္ဓာကိုယ်ကို Scan လုပ်လိုက်တာနဲ့ တစ်ခါတည်း ခေါင်းကနေ ခြေထောက် သတိနဲ့ကြည့်လိုက်။ ကိုယ် ဘယ်နားမှာ Tension တွေ များနေလား၊ Pressure တွေ ဖြစ်နေလား။ ကိုယ့်ကိုယ်ကို Adjust လုပ်လို့ရတယ်

အဲ့ဒါပြီးရင် စိတ်လေးကို ဝင်လေထွက်လေလေး မှတ်ပြီးတော့ Release လုပ်လိုက်။ ကျွန်တော် ဝင်လေထွက်လေ မှတ်လိုက်ရင် အိပ်ပျော်ပျော်သွားတာ။ အိပ်မပျော်ဘူး ဆိုတာ stress ဖြစ်နေတာ။ ကိုယ့်ကိုယ်ကို “ ငါ ညက အိပ်လို့ မပျော်ဘူး၊ ငါ အခုချိန်ထိ အိပ်လို့ မပျော်သေးဘူး” ဆိုတာ stress ပြန်ဖြစ်နေတာ။ ဝင်လေထွက်လေလေး မှတ်လိုက်တာနဲ့ မတွေးပါလား။ မတွေးရင် Rest ရပါလား။ အဲ့ဒါပဲ ရသွားတာ။

သတိနှင့်ပညာ တွဲဖက်အသုံးချခြင်း

သတိတည်ထောင်တာက အခြေခံဖြစ်တယ်။ သတိရှိနေလို့ရှိရင်ကို စတင်ပြီးတော့ ဝိပဿနာ ဆိုတာ စတင်ဖြစ်ပေါ်လာတာပဲ။ ဒါပေမဲ့ သူက ပညာအားနည်းလို့ရှိရင် ဒီသတိဟာ ဝိပဿနာထိုက်ပေမဲ့ အားကောင်းတဲ့ ဝိပဿနာ ဖြစ်လာမှာ မဟုတ်ဘူး။ ဒီသတိကို ပညာနဲ့ တွဲရမယ်။ ဒီသတိကို ပညာနဲ့ တွဲလိုက်လို့ရှိရင် အားကောင်းတဲ့ ဝိပဿနာ ဖြစ်တယ်။ သတိရှိတိုင်း ပညာပါနေရမယ် ကျွန်တော်တို့က။ သတိရှိတိုင်း ပညာပါနေဖို့က ပညာပိုင်းဆိုင်ရာတွေကို လေ့လာသင်ကြားရမယ်

တချို့ သတိတော့ ရှိတယ်၊ တရားအားထုတ်တယ်၊ သဒ္ဓါပိုင်းပေါ့။ သတိတော့ ရှိလာတယ်၊ သမာဓိတွေ ရှိတယ်၊ ဝီရိယတွေ ကောင်းတယ်။ ဒါပေမဲ့ ပညာပိုင်းဆိုင်ရာတွေမှာ အားနည်းနေတဲ့အတွက် အားကောင်းတဲ့ ဝိပဿနာ မဖြစ်တဲ့အတွက် မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို မရောက်နိုင်ကြဘူး ဖြစ်နေတာပေါ့နော်။

ပညာဆိုတာ အဝိဇ္ဇာကို သိခြင်း

ပညာရပ်ဆိုတာ ဘာလဲ ဆိုတော့ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် ရှိရင် အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် ရှိတယ်ဆိုတာ သိတာကိုက ပညာပဲ။ သူများတွေ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါတွေ၊ တိုက်တွေ အိမ်တွေ ကားတွေ၊ သားတွေ သမီးတွေ အားလုံး သိကြတာပဲ။ ဒါပေမဲ့ သူ့မှာ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် ပါနေတယ်လို့ မသိဘူး။ ဒါက ပညာပိုင်းဆိုင်ရာပဲ။

ကျွန်တော်တို့ အမြဲတမ်း သူသိငါသိ၊ မွေးဖွားပြီးတော့ ကြီးပြင်းလာပြီးတော့ သိတဲ့အသိ၊ အဲဒီအသိတွေထဲမှာ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တွေ တော်တော်များများ ပါတယ်။ “ သူသိလိုက်လို့၊ ယောက်ျားတွေ မိန်းမတွေ၊ သားတွေ သမီးတွေ၊ တိုက်တွေ အိမ်တွေ ကားတွေ” ကျွန်တော်တို့က တကယ်ရှိတယ် ထင်တာ။ ဘာလို့ တကယ်ရှိတယ် ထင်တာတုန်းဆိုတော့ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် ပါနေလို့

လောဘ၊ ဒေါသ၊ မောဟ သိခြင်းဖြင့် Stress ကင်းခြင်း

တရားအားထုတ်ရင် စိတ်က ငြိမ်ချင်နေတာက လောဘ။ မငြိမ်လို့ စိတ်တွေက ဟိုရောက်ဖြစ်တာကို မကြိုက်တာက ဒေါသ။ စိတ်ရဲ့သဘောသဘာဝက အာရုံရှိတဲ့နေရာ စိတ်ဖြစ်နေတယ်လို့ အမှန်မသိတာက မောဟ

လောဘ၊ ဒေါသ၊ မောဟကို မသိဘူး။ အခု လောဘ၊ ဒေါသ၊ မောဟ သိတယ်ဆိုတာ အဲ့ဒါ လောကအနေနဲ့ သိနေတာ။ ကိုယ်တရားအားထုတ်နေတာကိုက အမှန်တော့ လောဘ၊ ဒေါသ၊ မောဟ ကင်းအောင် လုပ်ရမှာတရားအားထုတ်တယ်ဆိုတာ ဒုက္ခချုပ်ရာ ရောက်ကြောင်း အကျင့်ကို ကျင့်တာ။ ဒုက္ခချုပ်ရာကို ဦးတည်ကျင့်တာ

ပစ္စုပ္ပန်တည့်တည့်မှာ နေခြင်း

ပစ္စုပ္ပန် တည့်တည့်မှာ နေလိုက်ရင် ဘာမှ မရှိတော့ဘူး။ လောဘ၊ ဒေါသ၊ မောဟကနေ လွတ်မြောက်သွားတာ။ အဲဒါ နေတတ်ရင် ရပြီ။ အခု လူတိုင်းက အတိတ်နဲ့ ချိတ်နေတာလေ။ ချိတ်တော့ ဘာဖြစ်လဲ။ ခံစားရတယ်၊ ဒုက္ခရောက်တယ်။ ကောင်းတာနဲ့ ချိတ်မိရင်တော့ ပျော်တာပေါ့လေ။ မကောင်းတာနဲ့ ချိတ်မိရင်တော့ ခံစားရတာပေါ့။

ပြောလိုက်တဲ့ စေတနာလေးကလည်း ပေါ်လည်းပေါ်တယ်၊ ချုပ်လည်းချုပ်တယ်။ စေတနာလေး ပေါ်ပြီးချုပ်သွားတယ်။ စေတနာလေး ချုပ်သွားတော့ ဘာမရှိတော့ဘူးလဲ။ အသံလည်း မရှိတော့ဘူး။ စေတနာကြောင့် အသံထွက်တာကိုး။ စေတနာကုန်ရင် ကံကုန်ရင် အကျိုးပေးလည်း ကုန်တာပဲ။ အဲတော့ အသံလေးကလည်း မရှိတော့ဘူး။ ပြောချင်တဲ့ စေတနာလည်း မရှိတော့ဘူး။ ဘာမှ မရှိတော့ဘူး။ ပြီးသွားပြီ။ အဲဒါကို ပစ္စုပ္ပန် တည့်တည့်လို့ ပြောနေတာ

ကိုင်လည်း မထားနဲ့၊ လွှတ်လည်း မထားနဲ့

ကိုင်လည်း မထားနဲ့၊ လွှတ်လည်း မထားနဲ့ ဆိုတာ တစ်ခါကျ ဘာလုပ်ရမှန်း မသိဘူး။ အဲဒီနှစ်ခုက ပြောသလောက် လွယ်တာ မဟုတ်ဘူး။ ပစ္စည်းတစ်ခုကို ကိုင်လည်း မထားရဘူး၊ လွှတ်လည်း မထားရဘူး ဆို ဘာလုပ်ရမှန်း မသိဘူး။ အမှန်တော့ ဘာလုပ်မှာလဲ။ ထိရုံလေးပဲ ထိထားရမှာ

မြင်တာကို မြင်တဲ့အတိုင်း၊ ကြားရင် ကြားတဲ့အတိုင်း၊ ထိရင် ထိတဲ့အတိုင်း၊ သိရင် သိတဲ့အတိုင်း၊ အရှိကို အရှိအတိုင်း၊ သိမြင် လက်ခံခြင်းဒိဋ္ဌေ ဒိဋ္ဌမတ္တံ – မြင်ရင် မြင်တယ်မှတ်။ မုတေ မုတမတ္တံ – ကြားရင် ကြားတယ်မှတ်။ အဲ့လိုပဲ နဂိုစိတ် နဲ့ နေနိုင်အောင်၊ အပိုစိတ် မပါစေနှင့်။

နိဂုံး – Rest In Peace, Sleep In Peace, Live In Peace

Rest In Peace လုပ်ချင်တာလား။ Sleep In Peace လုပ်ချင်တာလား။ Live In Peace လုပ်ချင်တာလား။ ကိုယ်ကြိုက်တာ ကိုယ်ရွေးလို့ ပြောလိုက်တာ။ ဝင်လေထွက်လေ မှတ်လိုက်ရင် ငါ မတွေးပါလား။ မတွေးရင် Rest ရပါလားLive In Peace အဲ့ဒါပဲ ရသွားတာ။

သတိနဲ့ပညာ တွဲလိုက်ရင် stress ကင်းသွားတယ်အဝိဇ္ဇာပယ်လိုက်ရင် တဏှာက ချုပ်ပြီးသားပါပဲ။ အမှောင်ရှိမှ လူဆိုးခိုလို့ရတာပါ၊ အမှောင်မရှိရင် လူဆိုးခိုလို့မရဘူး။ အမှောင်ပဲ ပယ်လိုက်တာပါ။ အဝိဇ္ဇာအမှောင် ပယ်လိုက်တာနဲ့ တဏှာလူဆိုးခိုလို့ မရတော့လို့ အနှိပ်စက်ခံရမှု မှလည်း လွတ်ပါတယ်။

ဒါကြောင့် stress ကင်းစေချင်ရင် သတိတည်ထောင်ပါ၊ ပညာနဲ့တွဲပါ၊ ပစ္စုပ္ပန်တည့်တည့်မှာ နေတတ်အောင် လေ့ကျင့်ပါဝင်လေထွက်လေ မှတ်ပြီး Release လုပ်ပါလောဘ၊ ဒေါသ၊ မောဟ သိအောင် သတိထားပါ။ အဲ့ဒီအခါ stress zero လောက် ဖြစ်အောင် နေနိုင်ပါလိမ့်မယ်။ ကျွန်တော် ပြောချင်တာ အဲ့ဒါပါပဲ။

Dr. Soe Lwin (Mandalay)

မှတ်ချက်ရေးပါ

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်