• ဥပါဒါန်ကြောင့်ကံ၊ သတိကြောင့်ဉာဏ်

    ကံနှင့်ဉာဏ်

    ကံကောင်းအောင် စေတနာထားပါ။

    ဉာဏ်ကောင်းအောင် သတိထားပါ။

  • အ၀ိဇ္ဇာပယ်တာနဲ့ တဏှာချုပ်ပါတယ်

    လောဘစွန့်ဖို့သာလိုရင်း

    လောဘရှိနေသမျှ ပြည့်စုံတယ်လို့ ဘယ်သူမှ မထင်ပါဘူး။

  • ကံကရှေ့စိတ်၊ ဉာဏ်ကနောက်စိတ်

    နောက်စိတ်မှာ သတိရှိဖို့သာလိုရင်း

    မြင်တာက ရှေ့စိတ်၊ ကြိုက်တာက နောက်စိတ်။

    မြင်တာက ခန္ဓာမီး၊ ကြိုက်တာက ကိလေသာမီး။

  • အကောင်းအဆိုးဖြစ်သမျှအားလုံးဟာ အကြောင်းအကျိုးပဲ

    စစ်မှန်သောချမ်းသာ

    စစ်မှန်သောချမ်းသာဟူသည် ပြင်ပရုပ်၀တ္ထုများ၌ မတည်။ ခံစားမှု​ဝေဒနာ၌လည်း မတည်။

    မှန်ကန်သောနှလုံးသွင်းနှင့် အသိဉာဏ်၌သာ တည်၏။

ရှင်သန်မှုအနုပညာ (The Art of Living)
divider-free-img.png

ရည်ရွယ်ချက်

ဓမ္မလမ်း Dhamma Lann ပြင်စာ (Pyinsar)


၁။ မြတ်စွာဘုရား၏သာသနာကို သာမန်လူတို့ လွယ်ကူစွာ နားလည်သိမြင်ရန်
၂။ ဓမ္မကို ဘဝမှာ လက်တွေ့ကျင့်သုံး နေထိုင်တတ်ရန်
၃။ သာသနာ့အမွေကို လက်ဆင့်ကမ်း မျှဝေပေးရန်
divider-free-img.png

ဦးဆောင်နာယက

Dr. Soe Lwin (Mandalay) - Dhamma Lann ဓမ္မလမ်း
မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာကြီးဒေါက်တာဦးစိုးလွင်(မန္တလေး)

ဝိသုဒ္ဓိမဂ်ဓမ္မလမ်း၀ိပဿနာအဖွဲ့များ၏ ဦးဆောင်နာယက၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာကြီးဒေါက်တာဦးစိုးလွင်(မန္တလေး)

ဆရာကြီးသည် ၁၉၉၀-၉၁ မှစ၍ ဓမ္မစာပေများကို ဖတ်ရှုလေ့လာခဲ့ပါသည်။ မင်းကွန်းဆရာတော်ကြီး၊ စွန်းလွန်းဆရာတော်ကြီး၊ ဝေဘူဆရာတော်ကြီး၊ မိုးကုတ်ဆရာတော်ကြီး၊ မဟာစည်ဆရာတော်ကြီး၊ တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ကြီး၊ ပခုက္ကူဆရာတော်ကြီး (အနိစ္စဆရာတော်)၊ ဖားအောက်တောရ ဆရာတော်ကြီးတို့၏ တရားဓမ္မများကို လေ့လာမှတ်သားခဲ့သည်။ ထို့ပြင် လယ်တီဆရာတော်ကြီး၏ ဒီပနီပေါင်းချုပ်နှင့် ဘုရားရှင် ဟောကြားတော်မူခဲ့သော ဆဋ္ဌသံဂါယနာတင် ပိဋကတ်သုံးပုံ ပါဠိတော် (မြန်မာပြန်) တို့ကိုပါ ဆက်လက် ဖတ်ရှု လေ့လာခဲ့ပါသည်။ ၂၀၀၄ ခုနှစ်တွင် စာဓမ္မအမြင်မှ ခန္ဓာဓမ္မ အမြင်ရောက်အောင် လက်တွေ့ ဝိပဿနာတရားအလုပ်ကို စတင်၍ နှလုံးသွင်း အားထုတ်ခဲ့ပါသည်။
divider-free-img.png

၁။ နေ့စဉ် နံနက် ၇နာရီမှ ၇နာရီခွဲထိ ဝိသုဒ္ဓိမဂ်ဓမ္မလမ်းအဖွဲ့၀င်များမှဟောကြားသော နံနက်ခင်းဓမ္မအလင်းတန်းတရားများကို ဤ Zoom link မှတဆင့် online ၀င်ရောက်နာယူနိုင်ပါသည်။

၂။ အပတ်စဉ် စနေနှင့်တနင်္ဂနွေနေ့တိုင်း ည ၇နာရီမှ ၈နာရီခွဲထိ ဝိသုဒ္ဓိမဂ်ဓမ္မလမ်းအဖွဲ့မှ ပြုလုပ်သော အခြေခံ၀ိပဿနာသင်တန်းများကို ဤ Zoom link မှတဆင့် online ၀င်ရောက်နာယူနိုင်ပါသည်။

၃။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နံနက်(၇)နာရီမှ (၈:၃၀)နာရီထိ ဝိသုဒ္ဓိမဂ်ဓမ္မလမ်းအဖွဲ့ (မန္တလေး) (ပဇ္ဇောတာရာမ တကောင်းကျောင်းတိုက်| ၆၂ လမ်း၊ ၂၂ လမ်းနှင့် ၂၃ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့)တွင် ကျင်းပပြုလုပ်သော အခြေခံ၀ိပဿနာတရားသင်တန်းကို မည်သူမဆို လွတ်လပ်စွာ တက်ရောက်နိုင်ကြပါသည်။

၄။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နံနက်(၉)နာရီမှ (၁၀:၃၀)နာရီထိ ဓမ္မလမ်းရန်ကုန်စင်တာ (မဟာဗောဓိဗုဒ္ဓဂယာစာသင်တိုက်၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ရန်ကုန်မြို့)တွင် ကျင်းပပြုလုပ်သော အခြေခံ၀ိပဿနာတရားသင်တန်းကို မည်သူမဆိုတက်ရောက်နိုင်ကြပါသည်။

my_MMဗမာစာ