ဓမ္မလမ်းဝိပဿနာအဖွဲ့အကြောင်း
သြ၀ါဒ ဆရာတော်ကြီးများ
ဆရာကြီးဒေါက်တာဦးစိုးလွင်
ဝိသုဒ္ဓိမဂ်ဓမ္မလမ်းအဖွဲ့များ၏ ဦးဆောင်နာယက၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာကြီးဒေါက်တာဦးစိုးလွင်သည် အဖ ဦးသန်းအောင်၊ အမိ ဒေါ်ဝင်းမေတို့မှ ၁၉၅၈ ခုနှစ်တွင် ဖွားမြင်ခဲ့ပြီး၊ ၁၉၈၂ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ရရှိခဲ့ပါသည်။
ဆရာကြီးသည် ၁၉၈၉ – ၉၀ ခုနှစ်တွင် မင်းကွန်းဆရာတော်ကြီး တည်ထောင် ဖွင့်လှစ်ခဲ့သော နန်းရှေ့ မန္တလေး ဇီဝိတသံဃာ့ဆေးရုံ၌ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၁၉၉၁ ခုနှစ်တွင် ဒေါ်ရွှေရည်လှနှင့် အိမ်ထောင်ပြု၍ သမီး မထူးရည်လွင် ထွန်းကားခဲ့ပါသည်။ ဆရာဒေါက်တာဦးစိုးလွင်သည် အိမ်ထောင်ကျပြီးနောက် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် နေထိုင်ခဲ့ပါသည်။
ဆရာကြီးသည် ၁၉၉၀-၉၁ မှစ၍ ဓမ္မစာပေများကို ဖတ်ရှုလေ့လာခဲ့ပါသည်။ မင်းကွန်းဆရာတော်ကြီး၊ စွန်းလွန်းဆရာတော်ကြီး၊ ဝေဘူဆရာတော်ကြီး၊ မိုးကုတ်ဆရာတော်ကြီး၊ မဟာစည်ဆရာတော်ကြီး၊ တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ကြီး၊ ပခုက္ကူဆရာတော်ကြီး (အနိစ္စဆရာတော်)၊ ဖားအောက်တောရ ဆရာတော်ကြီးတို့၏ တရားဓမ္မများကို လေ့လာမှတ်သားခဲ့သည်။ ထို့ပြင် လယ်တီဆရာတော်ကြီး၏ ဒီပနီပေါင်းချုပ်နှင့် ဘုရားရှင် ဟောကြားတော်မူခဲ့သော ဆဋ္ဌသံဂါယနာတင် ပိဋကတ်သုံးပုံ ပါဠိတော် (မြန်မာပြန်) တို့ကိုပါ ဆက်လက် ဖတ်ရှုလေ့လာခဲ့ပါသည်။
၂၀၀၄ ခုနှစ်တွင် စာဓမ္မအမြင်မှ ခန္ဓာဓမ္မအမြင်ရောက်အောင် လက်တွေ့ ၀ိပဿနာတရားအလုပ်ကို စတင်၍ နှလုံးသွင်း အားထုတ်ခဲ့ပါသည်။ ၂ဝဝ၆ ခုနှစ်တွင် မန္တလေးနှင့် ရန်ကုန်မြို့တို့၌ သူငယ်ချင်းများကို ဝိပဿနာနှင့် ပတ်သက်သော အခြေခံ သဘောတရားများကို စတင် ဆွေးနွေးပြောကြားသည်။ ၂ဝဝ၉ ခုနှစ်တွင် မန္တလေး ဆေးတက္ကသိုလ် (၇၆-၈၂ ) စာသင်နှစ်၏ (၁၀) ကြိမ်မြောက် အာစရိယပူဇော်ပွဲ၌ “ ဓမ္မလမ်းကို လျှောက်ကြမယ်” ခေါင်းစဉ်ဖြင့် ဓမ္မစာစုကို စတင် ရေးသား၍ ဆရာ၊ဆရာမတို့ကို ဓမ္မနှင့် ပူဇော်ကန်တော့ရင်း သူငယ်ချင်းတို့ကိုလည်း ဓမ္မလမ်းပေါ်ရောက်အောင် ခေါ်ဆောင်ခဲ့သည်။
၁၉၇၆- ၈၂ ခုနှစ် စာသင်နှစ် ဆေးတက္ကသိုလ် (မန္တလေး)တွင် တက်ရောက်သင်ကြားခဲ့သော သူငယ်ချင်း ဆရာဝန်တစ်စု၏ ထူးခြားမှုတစ်ခုမှာ အသက်အရွယ်ရလာသည်နှင့်အမျှ တရား ဘာဝနာဘက်ကိုလည်း တဖြေးဖြေး ရောက်လာခဲ့ကြပြီး ဓမ္မကို စိတ်ဝင်စားသူ သူငယ်ချင်းများ စုပေါင်းကာ “ ၀ိသုဒ္ဓိမဂ်ဓမ္မလမ်း၀ိပဿနာအဖွဲ့” ကို တည်ထောင်နိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။
ဆရာကြီး၏ ၀ိပဿနာသာသနာပြုလုပ်ငန်းများကြောင့် ၂၀၂၀ ခုနှစ်တွင် နိုင်ငံတော်မှ “ မဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ကို ဆရာကြီးအား ဆပ်ကပ်ခဲ့ပါသည်။ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့သည် နိုင်ငံတော်မှ ချီးမြှင့်သည့် သာသနာပြုဆိုင်ရာ ဘွဲ့တံဆိပ်ဖြစ်ပြီး “ ကြီးကျယ်မြင့်မြတ်၍ သာသနာကို ထွန်းလင်းတောက်ပစေသည့် အောင်လံတော်ကို လွှင့်ထူနိုင်သူ” ဟုအဓိပ္ပါယ်ရပါသည်။
စတင်သန္ဓေတည်ခဲ့ပုံ
၂၀၀၆ ခုနှစ်- မတ်လ၌ ဆရာဦးစိုးလွင် ဦးဆောင်ပြီး သူငယ်ချင်းဖြစ်သူ ဦးကျော်ဦး + ဒေါက်တာ နန်းတင်တင်ဌေး တို့၏ မန္တလေးမြို့ လမ်း(၃၀)နှင့် (၇၃)လမ်းဒေါင့်၌ ဖွင့်လှစ်ခဲ့သော ကံ့ကော် ဆေးရုံတွင် ကျောင်းနေဖက်သူငယ်ချင်းများနှင့် တရားဓမ္မများကို စတင်ဆွေးနွေး ပြောကြားခဲ့ပါသည်။ ထိုဆွေးနွေးပွဲမှ အစပြု၍ (၁၉၇၆-၈၂) မန္တလေး – ဆေးတက္ကသိုလ် စာသင်နှစ်မှ သူငယ်ချင်းများဖြစ်ကြသော ဒေါက်တာ သက်လွင်၊ ဒေါက်တာ စိန်လှမင်း၊ ဒေါက်တာ အေးစိုး၊ ဒေါက်တာ စိန်မြင့်၊ ဒေါက်တာ ဝင်းအောင်၊ ဒေါက်တာ ခင်မောင်အေး၊ ဒေါက်တာ ကျော်တင့်၊ ဒေါက်တာလှစိုးညွှန့်၊ ဒေါက်တာ နန်းတင်တင်ဌေး၊ ဒေါက်တာ မဌေးဝင်း၊ ဒေါက်တာ သီသီ၊ ဒေါက်တာ မိမိ၊ ဒေါက်တာ စန်းစန်းဝင်းစသော သူငယ်ချင်းများ စုပေါင်းကာ ဓမ္မလမ်း- ၀ိပဿနာအဖွဲ့ကို စတင်မျိုးစေ့ချနိုင်ခဲ့ကြပါသည်။
ထို့အတူ ရန်ကုန်မြို့၌လည်း ၂၀၀၆ ခုနှစ် အောက်တိုဘာလတွင် ဒေါက်တာရွှေထွန်း၏ နေအိမ်၌ ဒေါက်တာ ခင်မောင်ဖြူ၊ ဒေါက်တာ အောင်ဇော်၊ ဒေါက်တာ တင်ဆွေ၊ ဒေါက်တာ အောင်ကျော်ဝင်း၊ ဒေါက်တာ နေဝင်း ၊ ဒေါက်တာ မြင့်လွင်(ဟိုပင်)၊ ဒေါက်တာ ကြူကြူ၊ ဒေါက်တာ တင်တင်ဝင်း၊ ဒေါက်တာ ကြည်ကြည်စန်း စသော သူငယ်ချင်းများ စုပေါင်းပြီး တရားဓမ္မများကို ဆွေးနွေးပြောကြားခဲ့ကြပါသည်။
ဤသို့ ဓမ္မလမ်းအဖွဲ့အဖြစ် သူငယ်ချင်းများဖြင့် စတင်စုစည်းနိုင်ခဲ့ကာ မန္တလေးမြို့တွင် ဒေါက်တာ အေးစိုး + ဒေါ်စောကြည်ထူးတို့၏ နေအိမ်၌လည်းကောင်း၊ ဒေါက်တာ သီသီ၏ နေအိမ်၌လည်းကောင်း၊ ဓမ္မမိတ်ဆွေတစ်ဦးဖြစ်သော ဦးတင်လှိုင် + ဒေါ်ယုဝေတို့ နေအိမ်၌လည်းကောင်း၊ သင်္ကြန်ပွဲတော်ရက်များ၊ သီတင်းကျွတ်ကျောင်းပိတ်ရက်များနှင့် ဒီဇင်ဘာလ ဆရာကန်တော့ပွဲရက်များတွင် သူငယ်ချင်းများ စုပေါင်းပြီး တရားဓမ္မများကို ဆွေးနွေး ပြောကြားခဲ့ကြပါသည်။ ရန်ကုန်မြို့တွင်လည်း ဒေါက်တာ ရွှေထွန်း၊ ဒေါက်တာ ခင်မောင်ဖြူ နေအိမ်တို့၌ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် သူငယ်ချင်းများစုပေါင်းကာ တရားဓမ္မများကို ဆွေးနွေးပြောကြားခဲ့ကြပါသည်။ ၂၀၀၆မှ ၂၀၁ဝထိ ရန်ကုန်် မန္တလေး စုန်ချီဆန်ချီ တရားဆွေးနွေး ပြောကြားခဲ့ပါသည်။
ထိုကဲ့သို့ တရားလုပ်ငန်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ရင်း ဒေါက်တာ သက်လွင်၊ ဒေါက်တာ စိန်လှမင်း၊ ဒေါက်တာ အေးစိုး၊ ဒေါက်တာ စိန်မြင့်၊ ဒေါက်တာ သီသီနှင့် ဒေါက်တာ မိမိ စသော သူငယ်ချင်းများသည် တစ်ဦးလျှင် ကျပ်တစ်သိန်းစီ မတည်၍ ဆွေးနွေးပြောကြားခဲ့သော တရားဓမ္မ များကို စာအုပ်အဖြစ်လည်းကောင်း၊ ရုပ်/သံအားဖြင့်လည်းကောင်း မှတ်တမ်းတင်နိုင်ရန် ရံပုံငွေကို တည်ထောင်ခဲ့ပါ သည်။
ဤသို့ဖြင့် ၂၀၀၉-ခုနှစ် ဒီဇင်ဘာလတွင် မန္တလေးဆေးတက္ကသိုလ် (၁၉၇၆-၈၂) စာသင်နှစ်၏ ဒသမအကြိမ်မြောက် အာစရိယပူဇော်ပွဲတွင် “ဓမ္မလမ်းကို လျှောက်ကြမယ်“ ဓမ္မစာအုပ်ဖြင့် ဆရာဆရာမများကို ပူဇော်ကန်တော့နိုင်ခဲ့သည့်အပြင် သူငယ်ချင်းများကိုလည်း ဓမ္မလမ်းကြောင်းပေါ်ကို ဆွဲခေါ်ခဲ့ပါသည်။ “ဓမ္မလမ်းကို လျှောက်ကြမယ်“ စာအုပ်ကို အစွဲပြု၍ “ဓမ္မလမ်းအဖွဲ့“ အနေဖြင့် ပီပီပြင်ပြင် ဖွဲ့စည်းနိုင်ခဲ့ပါသည်။
ဝိသုဒ္ဓိမဂ်ဓမ္မလမ်း ၀ိပဿနာအဖွဲ့များ
၁။ ဝိသုဒ္ဓိမဂ်ဓမ္မလမ်းအဖွဲ့ (မန္တလေး)
ပဇ္ဇောတာရာမ တကောင်းကျောင်းတိုက်|
၂၂ လမ်းနှင့် ၂၃ လမ်းကြား၊ ၆၂ လမ်း၊
အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့၊
မန္တလေးတိုင်းဒေသကြီး။
ဥက္ကဌ – ဒေါက်တာသက်လွင်
📞 ၀၉ ၂၀၂ ၃၉၉၁
အတွင်းရေးမှုး – ဒေါက်တာဝင်းမောင်မောင်
📞 ၀၉ ၄၀၂၆၇၃၇၁၂
ဥက္ကဌ (ပညာရေးအဖွဲ့) – ဒေါက်တာဒေါ်ခင်ဌေးကြည်
📞 ၀၉ ၂၀၀ ၆၈၆၉
အတွင်းရေးမှုး (ပညာရေးအဖွဲ့) – ဒေါ်ရီရီစိန်
📞 ၀၉ ၂၀၁ ၉၃၀၇
၂။ ဝိသုဒ္ဓိမဂ်ဓမ္မလမ်း၀ိပဿနာစင်တာ(ပြင်စာ)
ပြင်စာ (မန္တလေး-ပြင်ဦးလွင်လမ်း၊ ၂၇ မိုင် ၁ ဖာလုံ)
မန္တလေးတိုင်းဒေသကြီး။
နာယက – ဒေါ်ရွှေရည်လှ
ဥက္ကဌ – ဒေါက်တာသီသီ
📞 ၀၉ ၅၁၈ ၂၆၉၇၊ +၉၅ ၉ ၅၁၈ ၂၆၉၇
အတွင်းရေးမှုး – ဦးဇင်ယော်
📞 ၀၉ ၄၄၈ ၅၄၈၈
အတွင်းရေးမှုး (ပညာရေးအဖွဲ့) – ဒေါက်တာကျော်ဦး
📞 ၀၉ ၇၉၁၁၁၆၉၉၇
၃။ ဓမ္မလမ်းဝိပဿနာစင်တာ(ရန်ကုန်)
မဟာဗောဓိဗုဒ္ဓဂယာစာသင်တိုက်
ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်
ဒဂုံမြိုသစ်မြောက်ပိုင်း
(ဂန္ဓာရုံမှတ်တိုင်၊ Bus Car No. 2, 10, 15, 28, 137 စီးနိုင်ပါသည်။)
ဥက္ကဌ – ဦးခင်မောင်ကြည်
📞 ၀၉ ၅၁၄၈ ၁၅၅၊ ၀၉ ၅၁၇၉ ၃၄၅၊ ၀၉ ၇၈၁၈၂ ၂၃၁၆
အတွင်းရေးမှုး – ဦးကြည်လင်
📞 ၀၉ ၅၁၉ ၇၃၃၅
ဥက္ကဌ (ပညာရေးအဖွဲ့) – ဒေါက်တာဒေါ်ကျင်စန်း
📞
ဒု-ဥက္ကဌ (ပညာရေးအဖွဲ့) – ဒေါ်သီသီညွန့်
📞
အတွင်းရေးမှုး (ပညာရေးအဖွဲ့) – ဒေါ်ကေခိုင်မျိုးမြင့်
📞
တွဲဖက်အတွင်းရေးမှုး (ပညာရေးအဖွဲ့) – ဒေါ်၀င်း၀င်းရွှေ
📞
၄။ ဝိသုဒ္ဓိမဂ်ဓမ္မလမ်းအဖွဲ့ (ပဲခူး)
ဒဏ္ခိဏသာခါရာမကျောင်းတိုက်၊ ရပ်ကွက် ( ၇ )၊ ဥဿာမြို့သစ် ၇/၃
နာယက –
ဥက္ကဌ –
📞 ၀၉
အတွင်းရေးမှုး –
📞 ၀၉
၅။ ဝိသုဒ္ဓိမဂ်ဓမ္မလမ်းအဖွဲ့ (တောင်ကြီး)
နာယက – ဒေါက်တာဒေါ်ကြည်အေးဆွေ
ဥက္ကဌ – ဒေါက်တာမောင်မောင်မြင့်
📞 ၀၉ ၀၈၄၅၈၀၄၃၅၁၀
အတွင်းရေးမှုး – ဦးတေဇစိုး
📞 ၀၉ ၅၆၀ ၀၆၃၉
၆။ ဝိသုဒ္ဓိမဂ်ဓမ္မလမ်းအဖွဲ့ (မုံရွာ)
ဥက္ကဌ – ဒေါက်တာမြင့်မြင့်သိန်း
📞 ၀၉ ၅၁၅ ၀၅၃၃
အတွင်းရေးမှုး – ဦးသန့်ဇော်ထွန်း
📞 ၀၉ ၂၁၃ ၁၇၁၇
၇။ ဝိသုဒ္ဓိမဂ်ဓမ္မလမ်းအဖွဲ့ (နေပြည်တော်)
ဥက္ကဌ – ဒေါက်တာဝါဝါမောင်
📞 ၀၉ ၅၁၀ ၄၁၈၁
၈။ ဝိသုဒ္ဓိမဂ်ဓမ္မလမ်းအဖွဲ့ (စင်ကာပူ)
ဥက္ကဌ – ဦးသော်ဇင်မြင့်
📞 +65 98394327
အတွင်းရေးမှုး – ဦးမျိုးဇော်လတ်
📞 +65 93840718