Identity and Reality
ပညတ်နှင့်ပရမတ် – အမှန်တရားကို သိမြင်ခြင်း ကျွန်တော် ဒေါက်တာစိုးလွင် အနေဖြင့် ဝိပဿနာအားထုတ်ရာတွင် အခြေခံအကျဆုံးဖြစ်သော ပညတ်နှင့်ပရမတ် ကို သင်တို့ နားလည်အောက်မေ့စေလိုပါသည်။ ဤအကြောင်းအရာကို နားမလည်လျှင် တရားလမ်းမှာ ပန်းတိုင်သို့ မရောက်နိုင်ကြပါ။ ကျွန်တော်တို့သည် တစ်သက်လုံး ပညတ်ကိုသာ မှီခိုကာ နေထိုင်ခဲ့ကြပြီး ပရမတ်သဘာဝကို မသိခဲ့ကြပါ။ အခုမှ ဤအမှန်တရားကို ဉာဏ်ဖြင့် သိမြင်ရန် ကြိုးစားကြရမည် ဖြစ်ပါသည်။ ပညတ်ဆိုသည်မှာ အမည်နာမ်တပ်ထားခြင်း ပညတ်ဆိုသည်မှာ သဘာဝတရားတို့အပေါ်တွင် လူတို့က အမည်နာမ်တပ်ပြီး သဘောတူညီချက်ဖြင့် သုံးစွဲကြသော အယူအဆတစ်ခုဖြစ်ပါသည်။ ဥပမာ အိုးကို ကြည့်ပါ။ အိုးဆိုသည်မှာ ပုံသဏ္ဌာန်တစ်ခုကို နာမည်ပေးထားခြင်းသာ ဖြစ်ပါသည်။ အမှန်တော့ မြေဓာတ် (ပထဝီ) ကို ရေဓာတ် (အာပေါ) နှင့် ရောစပ်ပြီး […]
Identity and Reality Read More »

